Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

ကမ္ဘာအံ့သြဖွယ် ၁၂ ချက်


ကမ္ဘာပေါ်မှာ မသိသေးသောအရာတွေက အများကြီးရှိပါလိမ့်မယ်။
ဗဟုသုတအနေနဲ့ သိသားသင့်သော ၁၂ ချက်ကို အားလုံးသိအောင် တခါတည်း တင်ပြလိုက်ပါပြီ။
၀၁.Lobster (ပုဇွန်ထုတ်) မှာ သက်တမ်းဆိုတာမရှိ။
Lobster (ပုဇွန်ထုတ်) မှာ လူတွေလို ပျှမ်းမျှအသက်ဆိုတာ မရှိပါ။ လူတွေကများသောအားဖြင့် အသက်ရလာရင် သေချင်းတရားကို ရင်ဆိုင်ရမှာပါ။
Lobster (ပုဇွန်ထုတ်)မှာတော့ ဘသာဝအတိုင်းဆိုရင် အပြင်ဘေးအန္တရာယ်မရှိရင် ဆက်ပြီးအသက်ရှင်တယ်လို့ဆိုပါတယ်။ ဒါပင်မဲ့ ကိုယ်ခန္ဓာအရွယ်အစားပဲ ကြီးသထက်ကြီးလာပါတယ်။
၀၂. စနေဂြိုလ် ကို ပတ်နေတဲ့ လက်ကောက်သဏ္ဍန် စက်ဝိုင်းရဲ့အထူက 90 Meter လောက်ပဲရှိပါတယ်။
စနေဂြိုလ် ကို ပတ်နေတဲ့ လက်ကောက်သဏ္ဍန် စက်ဝိုင်းရဲ့အထူက 9 M ကနေ 90 M အတွင်းသာရှိပါတယ်။
၀၃. Polar Bear အသည်းစားလျှင် သေမယ်။
Polar Bear အသည်းကို လူစားလျှင် သေလိမ့်မယ်။
၀၄. ပျားရည်က မသိုးပါ။
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ က ပျားရည်ကိုလည်း စားနိုင်တယ်လို့သိရပါတယ်။
၀၅. Chess ရဲ့ကစားကွက်များဟာ စကြာဝဋ္ဌာမှာရှိသော Atom အရေအတွက်ထက်များ၏။
Chess ကစားကွက်များ၏ စဉ်းစားနည်းက စကြာဝဋ္ဌာမှာရှိတဲ့ Atom အရေအတွက်ထက် များပါတယ်။
၀၆. လူ့ဆံပင်ဟာ ၁၂ တန် အလေးချိန်အထိ ခံနိုင်ရည်ရှိတယ်။
လူ့ဆံပင် တစ်ချောင်းဟာ ၁၀၀ g အထိ ခံနိုင်ရည်ရှိပါတယ်။ ဆံပင်အရေအတွက်အားလုံးကို ပေါင်းလိုက်မယ်ဆိုရင်တော့ ၁၂ တန်အထိ ခံနိုင်ရည်ရှိပါတယ်။
၀၇. မိုးကြိုးပစ်ခံရသောလူရဲ့ကိုယ်ခန္ဓာမှာ တရုတ်နဂါးပုံလို အမှတ်အသားတွေကျန်တတ်တယ်။
မိုးကြိုးပစ်ခံရသောလူရဲ့ကိုယ်ခန္ဓာမှာ မသေခဲ့ရင် တရုတ်နဂါးပုံလို အမှတ်အသားတွေကျန်တတ်တယ်။
၀၈. စာရွက်ကို ၄၂ ကြိမ်ခေါက်ရင် လအထိရောက်နိုင်တယ်။
သင်္ချာပုံသေနည်း အရဆိုလျှင် လူက စာရွက်ကို ခေါက်ရင် ၆ကြိမ်ထက်ပုံပြီး မခေါက်နိုင်ပါ။ ဒါပင်မဲ့ အင်္ဂလန်နိုင်ငံမှာ အမျိုးသမီး သင်္ချာပညာရှင်က ပုံသေနည်းအသစ်ကို စဉ်းစားပြီး
၁၂၀ Meter ရှိတဲ့ Toilet Paper ကို ၁၂ ကြိမ်အထိ ခေါက်နိုင်ခဲ့ပါတယ်။
၀၉. iPhone ၏ သင်္ချာတွက်နိုင်သော စွမ်းအားဖြင့် အာကာသအထိသွားနိုင်သည်။
ပထမဆုံးစရောင်းသော iPhone ရဲ့ သင်္ချာတွက်နိုင်စွမ်းအားသည် ၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ NASA ရဲ့Apolo Project ၏ သင်္ချာတွက်နိုင်စွမ်းအားနဲ့ အတူတူပါ။
၁၀. Happy Birthday To You သီချင်းမှာလည်း မူပိုင်ခွင့် ရှိပါတယ်။
လက်ရှိမှာ Happy Birthday To You သီချင်း၏ မူပိုင်ခွင့်ကို Times Waner Brothers က ပိုင်ဆိုင်ပြီး ၂၀၃၀ အထိ ပိုင်ဆိုင်ခွင့်ကို ရရှိထားပါတယ်။
၁၁. Alpaca ဆိုသော တိရစ္ဆာန်လေးဟာ တစ်ယောက်တည်းနေရင် သေတယ်တဲ့။
ဒီတိရစ္ဆာန်လေးဟာ ချစ်စရာကောင်းသလို သူဟာတစ်ယောက်တည်းနေရင် စိတ်ဓာတ်ကျလာပြီး သေတတ်တယ်လို့ဆိုပါတယ်။
၁၂. လူရဲ့ DNA တဝက်ဟာ ငှက်ပျောသီးရဲ့ DNA နဲ့တူပါတယ်။
လူရဲ့ DNA က ငှက်ပျောသီး DNA နဲ့ ၅၀ ရာခိုင်နှုန်းတူတယ်ဆိုတော့ စဉ်းစားစရာတွေတော့ဖြစ်ကျန်ပါပြီ။
Chelmo Team
Credit. tabi-labo

No comments:

Post a Comment