Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 6, 2014

လိပ်ကျွန်းအမှု မြန်မာလုပ်သား နှစ်ဦးကျူးလွန်ကြောင်း အထောက်အထားခိုင်လုံသည်ဟု သေဆုံးသူ၏ မိသားစုဝင်များပြော


လိပ်ကျွန်းလူသတ်မှု ဖြင့် ဖမ်းဆီးခံရသော မြန်မာလုပ် သားနှစ်ဦးတွင် ပြစ်မှုကျူးလွန် သည့် အထောက်အထားများ ခိုင် လုံနေသည်ဟု သေဆုံးသူဗြိတိန် စုံတွဲ၏ မိသားစုဝင်များက ထုတ် ဖော် ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြ သည်။

လိပ်ကျွန်းဖြစ်စဉ်နှင့် ပတ် သက်၍ ထိုင်းနိုင်ငံသို့ သွားရောက် စုံစမ်းခဲ့သော စကော့တလန်ယာဒ် (ခေါ်) ဗြိတိန်ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိထားသည့် အထောက် အထားများကို ဗြိတိန်စုံတွဲ၏ မိသားစုဝင်များအား ပေးအပ်ခဲ့ သည်။ ပေးအပ်ခဲ့သည့် တွေ့ရှိ ချက်များအရ ဖမ်းဆီးထားသော မြန်မာလုပ်သားနှစ်ဦး ပြစ်မှုကျူး လွန်သည်မှာ ခိုင်လုံနေကြောင်း ဒီဇင်ဘာ ၅ ရက်တွင် မိသားစု က ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ဗြိတိန်စုံထောက် အဖွဲ့က အောက်တိုဘာ ၂၅ ရက် တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် လိပ်ကျွန်းသို့ တိတ်တဆိတ်လာ ရောက်စုံစမ်းခဲ့သည်။ ဗြိတိန်ရဲ တပ်ဖွဲ့သည် နှစ်ပတ်ကျော်ကြာ စုံစမ်းစစ်ဆေးပြီး အပြန်တွင် ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးလုပ် ဆောင်ထားသည့် အချက်များ သည် ပြည့်စုံမှုရှိကြောင်း ပြော ကြားသွားခဲ့သည်။

ဖမ်းဆီးခံထားရသော ၀င်း ဇော်ထွန်းနှင့် ဇော်လင်းသည် ကနဦးတွင် လူသတ်ပါသည်ဟု ထိုင်း ရဲတပ်ဖွဲ့အား ၀န်ခံထားသည်။ ၎င်းတို့၏ မိဘများရောက်ရှိလာ သည့်အခါတွင် ဖမ်းဆီးနှိပ်စက် သောကြောင့် ကြောက်လန့်၍ ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း ပြန် လည်ပြောကြားထားသည်။

ဒီဇင်ဘာ ၄ ရက်တွင် ထိုင်း ရဲတပ်ဖွဲ့သည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးကို လူသတ်မှု၊ မု ဒိမ်းမှု၊ ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ နိုင်ငံတွင်းသို့ တရားမ၀င်ဝင် ရောက်မှု၊ တရားမ၀င်ဝင်ရောက် နေထိုင်မှု၊ အမှုမှန်ထိမ်ချန်မှုစ သည့် ပုဒ်မများတပ်ကာ အမှုတည်ဆောက်၍ ကော့စမွီမြို့နယ် တရားသူကြီးထံ အမှုတွဲ အပ်နှင်းရာ တရားသူကြီးက လက်ခံလိုက် သည်။ ၎င်းတို့ နှစ်ဦးကို ဒီဇင်ဘာ ၈ ရက်တွင် ရုံးထုတ်ပြီး အမှုတွဲအား စတင်ကြားနားစစ်ဆေးမည်ဖြစ် သည်။

Credit to.7day daily

No comments:

Post a Comment