Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 21, 2014

ခွေးလေးကိုသတ်ပြီး အတူဂူသွင်းပေးရန် အမေရိကန် အမျိုးသမီးတစ်ဦး သေတမ်းစာရေးထားခဲ့

အင်ဒီယာနာ – အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ်ကအမျိုး သမီးတစ်ဦးဟာ သူမ သေဆုံးသွားပြီးတဲ့အခါ အိမ်မှာမွေးမြူ ထားတဲ့ခွေးလေးနဲ့အတူ ဂူသွင်းပေးရန်အတွက် သေတမ်းစာ တစ်စောင်ရေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနောက်ဆုံးဆန္ဒတစ်ခုအတွက် သေတမ်းစာ ရေးသွားခဲ့တဲ့ အမျိုးသမီးကတော့ Connie Lay လို့ အမည်ရှိပြီး သူမဟာ လွန်ခဲ့တဲ့နိုဝင်ဘာ၂၅ရက်က သေဆုံးသွားခဲ့တာဖြစ်ပါ တယ်။ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ Connie Lay ရေးသွားခဲ့တဲ့ သေတမ်းစာမှာတော့ သူ သေဆုံးသွားပြီးတဲ့အခါ သူ့ရဲ့အရိုးပြာ တွေကို အိမ်မှာမွေးမြူထားတဲ့ခွေးလေးနဲ့အတူ ဂူသွင်းပေးဖို့ပါ။ သူ့ရဲ့အိမ်မှာမွေးမြူထားတဲ့ ခွေးလေးကိုသတ်ပြီး သူမနဲ့အတူဂူ သွင်းပေးဖို့ သေတမ်းစာကို ရှေ့နေကိုပေးခဲ့တယ်လို့ သိရပါတယ်။

ယင်းသေတမ်းစာနဲ့ပတ်သက်လို့ တိရစ္ဆာန်ထိန်းသိမ်း ရေးအဖွဲ့က ဂူသွင်းခွင့်မပြုဘူးလို့သိရပြီး သူမအိမ်ထဲ မွေးမြူ ထားတဲ့ခွေးကိုတော့ ယူတာ့ခ်ျပြည်နယ်ရှိ တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခဲ့ပါတယ်။

သေဆုံးသွားခဲ့ပြီဖြစ်တဲ့ Connie Lay ရဲ့ ရှေ့နေကတော့ သေတမ်းစာမှာပါဝင်တဲ့ သေ ဆုံးသူရဲ့ နောက်ဆုံးဆန္ဒကို အမှန်တကယ် ပြုလုပ်ပေးရမှာပဲဖြစ်ပြီး ဘယ်သူကမှ သူ့ရဲ့ဆန္ဒကို ဥပဒေအရ နှောင့်ယှက် လို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

Yangon media group

No comments:

Post a Comment