Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

လက်ပံတောင်း ပဋိပက္ခတွင် သေနတ်မှန် သေဆုံးသူ ဒေါ်ခင်ဝင်း၏ မောင်နှင့် တွေ့ဆုံခြင်း


ခြံစည်းရိုးခတ်ရာမှ လက်ပံတောင်း ပဋိပက္ခ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေနတ်မှန် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ အစ်မဖြစ်သူ သေနတ်မှန်သည့် အချိန်တွင် အနီးဆုံးတွင် ရှိနေပြီး လဲကျသည်ကို မြင်တွေ့ခဲ့ရသည့် မိုးကြိုးပြင် အလယ်ရွာမှ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ဒေါ်ခင်ဝင်း၏ မောင်ဖြစ်သူ ဦးသောင်းဌေးနှင့် The Voice သတင်းစာက တွေ့ဆုံမေးမြန်း ခဲ့သည်များထဲမှ အချို့ကို ပြန်လည် ကောက်နုတ်ဖော်ပြပါသည်။

Voice : ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေ့က ဦးသောင်းဌေးနဲ့ဒေါ်ခင်ဝင်းက လက်ပံ တောင်းတောင်က ပဋိပက္ခဖြစ်တဲ့နေရာ ကိုအတူတူသွားခဲ့တာလား။

UTH : အတူတူသွားတာ မဟုတ်ဘူး။ ကျွန်တော်က မနက် ၈ နာရီကတည်းက သွားတာ။ အစ်မကနောက်က လိုက်လာတာ ကျွန်တော် မသိလိုက်ဘူး။

Voice : ဒေါ်ခင်ဝင်း သေနတ်ထိမှန်တဲ့ အချိန်မှာ ဦးလေးတို့ အတူတူ ရှိနေခဲ့တာလား။

UTH : ဟုတ်တယ် အတူတူရှိနေတာ။ သေနတ်တွေက တောက်လျှောက်ကို ပစ်နေတာ။ နောက်ဆုတ်မယ် လုပ်တော့ အစ်ကို တစ်ဝမ်းကွဲတော်တဲ့ ကိုမှိင်း ဘယ်ဘက်ပေါင်ကို မှန်တော့ သူက အမလေး ကယ်ပါဦးလို့ အော်တယ်။ နောက်လှည့်ကြည့်တော့ အစ်မကလည်း တုံးလုံးလဲနေပြီ၊ ရဲတပ်ဖွဲ့တွေက ပြေးလိုက်လာသေးတယ်။ နောက် လူသေမှန်းသိတော့ နောက်ပြန်ဆုတ်သွားတယ်။

Voice : ရဲတပ်ဖွဲ့ လှမ်းပစ်တဲ့နေရာနဲ့ ဦးလေးတို့ ရှိနေတဲ့နေရာနဲ့ ဘယ်လောက် အကွာအဝေးလောက် ရှိမလဲ။

UTH : ကိုက် ၈၀ လောက်တော့ ရှိမယ်ထင်တယ်။ ဘယ်နေရာက ပစ်လိုက်တယ်တော့ ကျုပ်မသိဘူး အသံပဲ ကြားလိုက်တယ်။ သူတို့က ရှေ့ကကာတယ် နောက်ကပစ်တယ်။

Voice : သေနတ်ဒဏ်ရာ ရသွားပြီဆိုတာသိတော့ ဦးလေး ဘာဆက်လုပ်လဲ။

UTH : ကျွန်တော် ဘာမှလုပ်မရတော့ဘူး။ ထိုင်နေတော့တာပဲ။ ပစ်တော့ဆိုပြီး အဲဒီနေရာမှာပဲ ထိုင်နေလိုက်တော့တာ။ ညီအစ်ကို ဝမ်းကွဲတော်သူတွေက လှည်းနဲ့လာပြီး အစ်မကို သယ်သွားတယ်။ ကျွန်တော်က မလှုပ်နိုင်တော့ဘူး။ စိတ်ကထွေသွားတာ။

Voice : နာရေးကိစ္စအတွက် မိသားစုဝင်တွေ အနေနဲ့ ဘယ်လိုစီစဉ်ထားလဲ။

UTH : ကျွန်တော်တို့အစ်မရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံ အရင်ပို့ရဦးမှာပါ။ ရွာက သုသာန်မှာတော့ အုတ်ဂူလုပ်ဖို့ ထုံးရောသဲရော အုတ်ရော အားလုံးစီစဉ် ပြီးပါပြီ။ အချိန်ကတော့ မသိရသေးပါဘူး။
- See more at: http://www.thevoicemyanmar.com/index.php/news/item/4950-lpd#sthash.hIBn5veq.dpuf

No comments:

Post a Comment