Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 16, 2014

စင်ကာပူတွင် ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကို ပရိသတ်များ မကျေနပ်မှု ဖြစ်ပေါ်

စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် Ultimate Let Whay ပွဲစဉ်ကြီးတွင် ပါဝင် ယှဉ်ပြိုင်ထိုးသတ် ခဲ့သည့် ပြည်ပ လက်ဝှေ့သမား များမှာ သူတင်ကိုယ်တင် ယှဉ်ပြိုင် မထိုးသတ်ဘဲ အချိန်တစ်ခဏ အတွင်းတွင် မြန်မာ လက်ဝှေ့သမား များကို အရှုံးပေးခဲ့ ခြင်းကြောင့် အဆိုပါပွဲကို လာရောက် ကြည့်ရှုသည့် မြန်မာ့လက်ဝှေ့ ပရိသတ်များမှာ ကျေနပ်အားရမှု မရှိခဲ့ကြောင်း စင်ကာပူရောက် မြန်မာလက်ဝှေ့ ပရိသတ်များ၏ ပြောပြချက်အရ သိရသည်။

”မြန်မာ့ရိုးရာ လက်ဝှေ့သမား တွေနိုင်တာ ကျေနပ်ပါတယ်။ ဒါပေမဲ့ ပွဲတွေက ပထမနဲ့ ဒုတိယအချီ တွေမှာ အဖြေက ထွက်တော့ ကြည့်ရတဲ့ ပရိသတ်တွေက ကြည့်ရတာ မတန်ဘူး။ နောက်ပွဲတွေ ကျရင်တော့ ပွဲစီစဉ်တဲ့ သူတွေအနေနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့သမား တွေနဲ့ ပြည်ပလက်ဝှေ့ သမားတွေ ခေါ်ထိုးတဲ့ နေရာမှာ ပြည်ပ လက်ဝှေ့ သမားကောင်းတွေ ခေါ်ဖို့ လိုတယ် …” ဟု စင်ကာပူရောက် မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်တစ်ဦး က ပြောပြသည်။

Ultimate လက်ဝှေ့ ပွဲစဉ်ကြီးကို မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်များ အနေဖြင့် တစ်ဦးလျှင် ရုံဝင်ကြေး စင်ကာပူ ဒေါ်လာ ၂ဝ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်များ ကြည့်ရှုရသည့် အထဲတွင် မတန်ဆုံးပွဲမှာ ၄င်း လက်ဝှေ့ပွဲကြီး၏ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် စိုးလင်းဦး (မြန်မာ) နှင့် ကယ်လိုဂယ်လိုရီ (အီတလီ) တို့ ပွဲစဉ်တွင် အီတလီ နိုင်ငံသားမှာ အားထည့် ထိုးသတ်ခြင်း မရှိဘဲ စိုးလင်းဦး ၏လက်သီး တစ်ကြိမ်၊နှစ်ကြိမ် ထိရုံမျှဖြင့် ပထမအချီတွင် အရှုံးပေး ခဲ့ခြင်းကြောင့် မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်များမှာ ကြည့်ရှု ရသည်ကို မကျေနပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (MTL)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment