Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 3, 2014

မြန်မာနိုင်ငံက အဆင့် ၁၅၆

ကမ္ဘာ့နိုင်ငံတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို Transparency International က ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၅၆ မှာ ရှိပြီး အရင်နှစ်ကထက် စာရင် ၁၉ ဆင့် တိုးတက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ရှိလာတာနဲ့ အရေးယူမှုတွေ ရှိလာတာကြောင့် တိုးတက်လာတာလို့ သုံးသပ်သူတွေက ပြောပါတယ်။ 

အဂတိ လိုက်စားမှု အနည်းဆုံး ဖြစ်တဲ့ အဆင့်တစ်မှာ ရှိတဲ့ နိုင်ငံကတော့ ဒိန်းမတ်နိုင်ငံဖြစ်ပြီး စင်္ကာပူက အဆင့် ၇ နဲ့ အာရှမှာ အဂတိ အနည်းဆုံး နိုင်ငံဖြစ်ပါတယ်။ 

အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံတွေကတော့ မြောက်ကိုးရီးယားနဲ့ ဆိုမားလီယား တို့ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
BBC Burmese

No comments:

Post a Comment