Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 14, 2014

အတန်းပိုင်ထံတွင် ကျူရှင်မထား၍ ခွဲခြားသည် ဆိုပါက တိုင်ကြားပါဟု သမ္မတအကြံပေး ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

အတန်းပိုင် ဆရာထံတွင် ကျူရှင်မထားသည့်အတွက် မိမိ ကလေးကို ခွဲခြားသည်ဆိုပါက ဆရာနာမည် တိတိကျကျနှင့် ပညာရေးဝန်ကြီးဌာနထံသို့ တိုင် ကြားကြပါရန်နိုင် ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ ခေါင်း ဆောင်ဒေါက်တာဒေါ်ရင်ရင်နွယ် က ပြောသည်။

လက်ရှိတွင် အခြေခံ ပညာ ရေး ကဏ္ဍ၌ ကျူရှင်နှင့် ပတ် သက်၍ လူပြောများလာသော ကိစ္စရပ်ကို ၄င်းက ပြောကြားလိုက် ခြင်းလည်း ဖြစ်သည်။

”မိဘတွေကိုလည်း အားပေး တယ်။ တိုင်ပါ။ ရဲရဲဝံ့ဝံ့ နာမည်နဲ့ အချက်အလက်နဲ့သေသေချာချာ တိုင်ရမယ်”ဟု ဒေါက်တာဒေါ်ရင် ရင်နွယ်က ဆိုသည်။

အမျိုးသား ပညာရေး ဥပဒေ တွင် ကျူရှင်မပြရဟု မဆိုထား သော်လည်း ကျောင်းသားကို တော့ကျူရှင်ပြန်၍မပြသင့်ကြောင်း ၄င်းက ဆိုသည်။

”စာမေးပွဲ မေးခွန်းတွေကို အဲဒီဆရာမက ကိုင်တာဆိုတော့ ကျေးလက်တွေ၊ ရွာတွေမှာတော့ ခြစားမှု သိပ်မရှိဘူး။ မြို့ကြီးတွေ မှာ ကိုယ့်ကျောင်းသားကို ကိုယ် ကျူရှ င်ပြပြီး အဲဒီလိုဖြစ်နေတော့ ကလေးတွေလည်း မတတ်ဘူး။ ဆရာ၊ ဆရာမတွေလည်း ရှင်းရှင်း ပြောရရင် သေချာမသင်တော့ဘူး။ ကိုယ့်ကျူရှင်ကျမှ သေချာသင် တော့ ဆင်းရဲတဲ့ကလေးတွေ နာ တယ်။ လူလတ်တန်းစားတွေ လည်း ကျူရှင်ဖိုးပေးနိုင်တယ် ဆိုပေမယ့် အကြီးအကျယ် အနစ် နာခံပြီး မရှိမဲ့ရှိမဲ့ကို ကုတ်ကတ် စုပြီး ပေးရတဲ့ မိဘတွေ အများကြီး ရှိတယ်” ဟု လက်ရှိအခြေအနေကို ၄င်းက ပြောပြသည်။

ပညာရေးဝန်ကြီး အသစ် ဒေါက်တာဒေါ်ခင်စန်းရီက ဆရာ၊ ဆရာမများ အနေဖြင့် ၄င်းတို့၏ ပညာနှင့် ¤င်းတို့၏ အချိန်ပိုတွင် ဝင်ငွေရှာနိုင်ကြောင်း ပြောကြား ထားသည်။
ဒေါက်တာ ဒေါ်ရင်ရင်နွယ် က ”ဒါပေမဲ့ ကိုယ့်ကျောင်းသား  ကိုယ် ကျူရှင်ပြန်ပေးတာတော့ မပါဘူးပေါ့။ ဒါမျိုးတွေက မလုပ် သင့်ဘူး” ဟု ပြောသည်။

လက်ရှိတွင် အတန်းပိုင် ဆရာမထံ၌ ကျူရှင်မထားသည့် အတွက် မိမိတို့ကလေးကို ခွဲခြား ဆက်ဆံသည်ဟု ဆိုကာလာတိုင် သူများရှိနေကြသည်ဟုနိုင်ငံတော် သမ္မတ၏ ပညာရေးအကြံပေး အဖွဲ့က ဆိုသည်။

ရန်ကုန်မြို့လယ်ကောင်ရှိ ကျောင်းသားမိဘ တစ်ဦးက       ”တိုင်လိုက်လို့အရေးမယူဘဲ ကိုယ့် ကလေးကို ဖိအားထပ်ပေးခဲ့ရင် ပို ဆိုးမယ်လို့ ထင်တယ်။ တော်ရုံ တန်ရုံ မိဘတွေကတော့ ကိုယ့် ကလေးနေ့စဉ်ထိတွေ့ရမယ့်ဆရာမ နဲ့တော့ ဘယ်သူမှပြဿနာ မဖြစ် စေချင်ဘူး” ဟု ပြောသည်။

အတန်းပိုင် ဆရာ၊ ဆရာမ များ မိမိအတန်းထဲမှ ကျောင်း သားကို ကျူရှင်မပြရ ဆိုသည့် အချက်သည်  ဥပဒေထဲတွင် မဖြစ်လာသော်လည်း နည်းဥပဒေ ထဲတွင်ထည့်ရ န်နိုင်ငံတော်သမ္မတ ပညာရေး အကြံပေးအဖွဲ့က အကြံပြုထားသည်။

”နိုင်ငံရဲ့ ပညာရေးကို ပြန် လည် တည်ထောင်မယ်ဆိုရင် ခြစားမှု ကင်းဖို့တော့ လိုတယ်” ဟု ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ဆိုသည်။

PN-051

No comments:

Post a Comment