တရားမ၀င်ကန်ထရိုက်
တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ်
ဓာတ်အားပေးအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ
ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။
တရားမ၀င် တည်ဆောက်
ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့
လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ
၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌
ပြောကြားလိုက်ခြင်းဖြစ်သည်။
လက်ရှိရန်ကုန်မြို့တော်အ တွင်း
တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အ
လုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း
ဦးသန်ဌေးကဆိုသည်။
တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ
မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင်
အများဆုံးဖြစ်ပြီးတရားမ၀င် ဆောက်လုပ်နေမှုများကို
အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ
ဆိုပါဌာနမှူးကဆိုသည်။
တရားမ၀င် ကန်ထရိုက်
တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း
ငယ်အခက်အခဲရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန်
ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘မီးမပေးတော့ဘူးဆိုရင်
လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး
ရောက်နိုင်တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။
http://7daydaily.com/story/27809#.VJtYS_8JAA
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 24, 2014
တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်
တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 24, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment