Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 14, 2014

အဲယားကမ္ဘောဇ လေယာဉ် ငှက်နှင့် တိုက်မိ သဖြင့် ပြန်လည် ဆင်းသက်



၁၄.၁၂.၂၀၁၄ ရက်နေ့ ၁၂၄၀ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ Air KBZ လေကြောင်းလိုင်း ခရီးစဉ်အမှတ် K7-822၊ လေယာဉ်အမှတ် XY- AJT၊ အမျိုးအစား ATR- 72 လေယာဉ်သည် လေယာဉ်အမှုထမ်း (၅)ဦးနှင့် ခရီးသည် (၂၃)ဦးတို့အား တင်ဆောင်ကာ ရန်ကုန်- ဟဲဟိုး- ကျိုင်းတုံ- မန္တလေး ခရီးစဉ်များသို့ ပျံသန်း ထွက်ခွာသွားစဉ် ပဲခူးမြို့အ၀င်သို့ အရောက် အမြင့်ပေ (၃၀၀၀)ခန့်၌ လေယာဉ်၏ ရှေ့ဝဲဘက်လေကာမှန်နှင့် ငှက်တို့တိုက်မိခဲ့သဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၃၀၀ အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့ ကြောင်းသိရှိရပါသည်။

ယင်းသို့ ဖြစ်ပွားခဲ့သော်လည်း လေယာဉ်ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပွားမှု မရှိကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးစဉ်အား ပြောင်းလဲ ရွေ့ဆိုင်းမှုမရှိဘဲ ၎င်းလေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY-AJC၊ အမျိုးအစား ATR- 72 ဖြင့်ခရီးသည်များအား ပြောင်းလဲတင်ဆောင်ကာ ၁၃၄၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာသွာကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment