Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 12, 2014

အရှိန်မထိန်းနိုင်သော ပြိုင်ကားတစ်စီး လမ်းဘေး ပလက်ဖောင်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်



ရန်ကုန်၊ ဒီဇင်ဘာ ၁၂

၁၁.၁၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း စံပြဈေးမီးပွိုင့်ဘက်မှ အသင်းတိုက် မီးပွိုင့်ဘက်သို့ မောင်းနှင်လာသော 4C---Celica အနီရောင် ပြိုင်ကားသည် ရွှေနားပန် ကျောင်းတိုက်ရှေ့ အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ပလက်ဖောင်းပေါ်သို့ ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ ပါသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နှင့် ပလက်ဖောင်းတို့ ပျက်စီးသွားခဲ့ ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ပြိုင်ကား ယာဉ်မောင်း(စုံစမ်းဆဲ)အား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၄၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၂၀၂ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment