Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

လက်ပံတောင်း သတ်ဖြတ်မှု တရုတ်အစိုးရ ဝမ်းနည်းဟု ပြော ။


လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေဆုံးပြီး လူ ၂ဝနီးပါး ဒဏ်ရာရရှိ
ခဲ့တဲ့ ကြေနီစီမံကိန်း ပဋိပက္ခအတွက် စိုးရိမ်ပူပန်တယ်လို့ တရုတ်အစိုးရက
ဒီဇင်ဘာ ၂၄ရက်နေ့မှာ တရားဝင်ထုတ်ပြောလိုက်ပြီး နိုင်ငံခြားမှာရှိတဲ့
တရုတ်ကုမ္ပဏီတွေ တာဝန်ယူမှုရှိဖို့နဲ့ သဘာဝတ်ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လူသေဆုံးပြီး ဒေသခံအများအပြား ကစဥ့်ကလျားဖြစ်နေတဲ့ လက်ပံတောင်း
တောင်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ရေငုံနှုတ်ပိတ်နေချိန်
မှာ တရုတ်အစိုးရက ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲကြောင်း၊ သက်ဆိုင်
သူတွေအနေနဲ့ သေဆုံးဒဏ်ရာရသူတွေအတွက် သင့်တော်တဲ့ အစီအမံတွေ
လုပ်ဆောင်ဖို့လိုကြောင်း တရုတ်နိုင်ငံရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး
Hua Chunying က ပြောဆိုလိုက်ပါတယ်။
တရုတ်မြန်မာနှစ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတွေဖြစ်ပြီး တရုတ်
အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ သက်ဆိုင်ရာ
နိုင်ငံတွေရဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့၊ လူမှုတာဝန်သိတတ်မှု
နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ လိုအပ်တဲ့အကြောင်း အမြဲလိုလို ပြောဆို
နေပါတယ်လို့ ဆိုပါတယ်။
သတင်း- Kamayut Media.

No comments:

Post a Comment