Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

ခရစ္စမတ် လက်ဆောင်များ အနက် ထိပ်တန်းရောက်နေဦးမည့် မြွေတို့၏ ခန္ဓာများ

ဂျကာတာ၊ ဒီဇင်ဘာ ၂၄။ မနက်ဖြန်ဆိုလျှင် ခရစ္စမတ်သို့ ရောက်ပြီ ဖြစ်သည်။ ခရစ်ယာန် အများစု နေထိုင်သည့် ဥရောပနှင့် အမေရိက တို့တွင် ခရစ္စမတ် အထိမ်းအမှတ် ပျော်ပွဲရွှင် ပွဲများဖြင့် စည်ကားနေသည်။ နေအိမ်များ၊ လမ်းများ တစ်လျှောက် မီးရောင် စုံများနှင့် ထိန်ငြီးနေသည်။

အရေခွံများပေါ်မှ အမွှေးအမှင်များကို စိတ်အေးလက်အေး ခွာနေသည့် လုပ်သားတစ်ဦး။ ဓာတ်ပုံ - Daily Mail

လမ်းပေါ်တွင် လူအများ ပျော်ရွှင်စွာ သွားလာ နေကြပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လက်ဆောင်များ ပေးအပ်နေ ကြသည်။

ယင်းသို့ အမှတ်တရ အဖြစ် လက်ဆောင်များ ပေးအပ်ကြရာတွင် လူကုံတန် အသိုင်းအ၀ိုင်းမှ လူအများ၏ အထူးပင် နှစ်ခြိုက်ခြင်းကို ခံနေရသည့် လက်ဆောင် ပစ္စည်းများမှာ တိရစ္ဆာန်များ၏ အရေခွံများဖြင့် ပြုလုပ်ထားသည့် လူ့အသုံးအဆောင် ပစ္စည်းများ ဖြစ်ပါသည်။ တိရစ္ဆာန်တို့၏ အရေပြား များဖြင့်အသုံးအဆောင် များ ပြုလုပ်ခြင်း၊ သုံးစွဲခြင်းကို တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူများနှင့် တိရစ္ဆာန် ချစ်သူများက ကမ္ဘာ တစ်ဝှမ်းတွင် ကန့်ကွက်မှုများ ရှိနေကြ သော်လည်းကြီး မားသည့် ဈေးကွက်တစ်ခု ရှိနေဆဲ ဖြစ်သည်။

Snake-2

ဈေးကွက်သို့ တင်ပို့ကာနီး မြွေအရေခွံများ။ ဓာတ်ပုံ - Daily Mail

ရှော့ပင်းမောလ် များတွင် ရောင်းချ နေသည့် လက်ကိုင် အိတ်များ၊ ခါးပတ်များ၊ ပိုက်ဆံအိတ် များနှင့် ဖိနပ်များ စသည့် တန်ဖိုးကြီး အသုံး အဆောင် များသည် အမှန်တစ် ကယ်တော့ သားသတ်ရုံ များ၏ အမြတ် များသော ထုတ်ကုန် များသာ ဖြစ်ပါသည်။ သား သတ်ရုံတွင် သွေးသံ ရဲရဲဖြင့် ထုတ်လုပ် လိုက်သောကုန် ကြမ်းများမှ လှပ သပ်ရပ်သော အသုံးဆောင်များ အဖြစ်သို့ ဈေးကွက် အတွင်း ရောက်ရှိ လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံ ဂျာဗား ကျွန်းရှိ မြို့ ငယ်တစ်မြို့ ရှိ သားသတ်ရုံ တစ်ရုံတွင်လှပတန်ဖိုး ကြီးသည့် အသုံးအဆောင်များ အတွက်မြွေထောင်ပေါင်း များစွာကိုကုန် ကြမ်း ရရှိရေး သတ်ဖြတ်ကာ နေ့ စဉ်နှင့်အမျှ ကုန်ကြမ်းများ ထုတ်လုပ်လျက် ရှိသည်။ အနောက် နိုင်ငံ များတွင် ရေပန်းစား လူကြိုက်များ နေသည့်မြွေသားရေ အသုံးအဆောင်များ အတွက် ကာပီတာကန် ကျေးရွာတွင် ရှိသည့် သားသတ်ရုံတွင် မြွေပေါင်း များစွာကို သတ်ဖြတ်လျက် ရှိသည်။

ယင်းသတ်ဖြတ်ကာ အရေခွံ ဆုတ်ပစ်ပြီး အသားကို စားသောက်ဆိုင် များသို့ ရောင်းချကာ အရေခွံကို လူအသုံးအဆောင် ပစ္စည်းအတွက် ဆုတ်ယူကြသည်။နေ့ စဉ် သတ်ဖြတ် အရေဆုတ်၍ ရရှိ လာသည့် မြွေအရေခွံ များကို အနောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များရှိ အိတ်များ ထုတ်လုပ်ရာ အလုပ်ရုံ များသို့ရောင်း ချနေသည်မှာ တစ်လ တစ်လလျှင် အရေခွံ အရှည် မီတာရာချီ ရှိနေသည်။

မြွေများကိုသတ်ဖြတ် ရာတွင်လည်း နည်းလမ်းပေါင်းစုံ ရှိသော်လည်း အလွန် ရက်စက်သည့် အလွယ် နည်းဖြင့် သတ်ဖြတ် ကြသည်။ ယင်းနည်း မှာမြွေ၏ခေါင်း ကို တုတ်ဖြင့် ရိုက်လိုက်ပြီး မြွေသတိမေ့ သွားစဉ် ခေါင်းကို ဓားဖြင့် ခုတ်ဖြတ် ခြင်း ဖြစ်သည်။ ယင်းနောက်တွင် ပြတ်နေသည့် လည်ပင်း အစပ်မှ အရေခွံကို ဆွဲ လှန်ကာ ခြေအိတ်ချွတ်သလို ဆွဲချွတ်ခြင်း ဖြစ်သည်။ အရေဆုတ်ပြီး အသားများ ကိုလည်း သီခြား ခွဲထုတ်၍ ရောင်းချသည်။ ဆုတ်ယူ ထားသည့် အရေခွံ များ ကို စုစည်းကာ အိတ်လုပ်သည့် စက်ရုံ များသို့ ရောင်းချသည်။

မြွေအရေခွံများကို တန်ဖိုးကြီး အိတ်များ၊ ဖိနပ်များ၊ အ၀တ်အစားများ ပြုလုပ်ကြပြီး ဥရောပနှင့် အမေရိက တစ်လွှားတွင် နှစ်ခြိုက်စွာ အသုံးပြု ကြသည်။ လက် ရှိတွင် ခရစ္စမတ် ကာလ နီးလာပြီ ဖြစ်ရာ တန်ဖိုးကြီး အသုံးအဆောင်များ ဖြစ်သည့် မြွေအရေခွံ ပစ္စည်းများမှာ ဈေးကွက်အတွင်း ၀ယ်လိုအား မြင့်မား လာဦး မည့် သဘော ရှိနေသည်။

မေးလ်အွန်လိုင်းမှ အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်းရှိ မြွေအရေခွံ ထုတ်လုပ် ရောင်းချနေသည့် သားသတ်ရုံ တစ်ရုံမှ အရေခွံနှင့် အသားရရန် အတွက် မြွေများ ကိုသတ်ဖြတ်နေပုံကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသခဲ့သည်။ ယင်းဓာတ်ပုံများတွင်တောင်လိုပုံနေသည့် မြွေတို့၏သက်မဲ့ ခန္ဓာများကိုတွေ့ရ မည်ဖြစ်သည်။သွေး အိုင်များ အတွင်း သားသတ်ရုံ အလုပ်သမား များက မြွေများကို အရေခွံ ဆုတ်နေသည့် ပုံများလည်း ပါဝင်သည်။ မြွေအရေခွံများကို အခြောက်ခံနေသည် များ ကိုလည်းတွေ့ ရမည်ဖြစ်သည်။မြွေဆိုသည်မှာ လူများအတွက် အန္တရာယ် ဖြစ်စေသည့် သတ္တ၀ါ ဖြစ်သော်လည်း အရေခွံကို ၀တ်စုံချုပ်ဝတ်ရန် အတွက်နှင့်တော့ အပြစ်ကင်းသည့် သတ္တ၀ါးလေးများ အသက်ပေးနေရ သည်မှာ မဖြစ်သင့်လှပါ။

သို့သော် မြွေတို့၏ အရေခွံများမှာ ၀တ်စုံများ၊ ခါးပတ်များ၊ အိတ်များ ချုပ်လုပ်ရာတွင် ပုံစံဒီဇိုင်း ဆန်းသစ် လှပလွန်းခြင်း၊ တစ်ခုနှင့် တစ်ခု အဆင်မတူ နိုင်ခြင်း၊ ဂုဏ်ရှိလှသည့် အသုံးအဆောင် အဖြစ် သတ်မှတ်ထားခြင်း များကြောင့် ဈေးကွက်အတွင်း ၀ယ်ယူသူ၊ တန်ဖိုးထား သုံးစွဲသူ များပြားနေဦးမည် ဖြစ်ပါသည်။ အကယ်၍ သင့်ထံသို့သာ မြွေအရေခွံဖြင့် ပြုလုပ်ထားသော လှပ အဖိုးတန်လှသည့် အသုံးအဆောင် တစ်ခု လက်ဆောင်အဖြစ် ရောက်ရှိလာပါက ဘာလုပ်ပစ် ပါမည်နည်း....
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/35559-2014-12-24-12-20-16

No comments:

Post a Comment