Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

လက်ပံတောင်းပဋိပက္ခ ဆက်လက်ဖြစ်ပွားနေ၊ ၁၅ဦးဒဏ်ရာရ

(ဒီဇင်ဘာ ၂၃)
==== ==== ====
လက်ပံတောင်းဒေသ ဆည်းတည်းရွာတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှု ဆက်လက်ဖြစ်ပွားနေရာ ယနေ့(ဒီဇင်ဘာ ၂၃ရက်)တွင် ဒေသခံ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဒေသသို့ရောက်ရှိနေသော ၈၈ ငြိမ်း/ပွင့် မှ ကိုဥာဏ်လင်းက News Watch သို့ ပြောသည်။
“ဒဏ်ရာတွေက ရော်ဘာကျဉ်ဆံတွေနဲ့ ပစ်တဲ့ဒဏ်ရာတွေ ပါတယ်။ လေးဂွနဲ့ ပစ်တဲ့ဒဏ်ရာတွေပါတယ်။ ရိုက်နှက်တဲ့ ဒဏ်ရာတွေပါတယ်။ ဖြစ်တဲ့အချိန်က မရောက်သေးတော့ မျက်မြင်တော့ မတွေ့ခဲ့ဘူး။ ရဲအင်အား ဘယ်လောက်ရှိသလဲဆိုတာလဲ မပြောနိုင်ဘူး။”ဟု ၎င်းက ပြောသည်။
“ဆည်းတည်းရွာကို သွားတဲ့အခါမှာ တုံရွာက ဒေသခံတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့နေလို့ ပစ်ခတ်မှုတွေဖြစ်မှာ စိုးလို့ဝင်ပြီး မေတ္တရပ်ခံတယ်။ ပစ်တာခတ်တာတော့ မဖြစ်ခဲ့ဘူး။ ခြံစည်းရိုခတ်တာတော့ ဆက်လုပ်သွားတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား အကူအညီပေးနိုင်ရန် ၈၈ အဖွဲ့၊ မန္တလေးမြို့မှသံဃာတော် ၁၅ပါး၊ ရွှေည၀ါဆရာတော်တို့လည်း လက်ပံတောင်းဒေသသို့ ရောက်ရှိနေကြောင်း သိရသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment