Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Participle Adjectives လို့ ခေါ်တဲ့ စကားလုံးဆင်တဲ့ Adjective တွေ (2)

( ရွေးကြည့်ပါလား )

interested = စိတ်ဝင်စားသော
interesting = စိတ်ဝင်စားစရာကောင်းသော

Are you ( interesting/interested ) in politics ?
မင်းနိုင်ငံရေးကို စိတ်ဝင်စားလား

My brother is very ( interesting/interested ) in photography.
ကျနော့်အစ်ကိုက ဓါတ်ပုံပညာကို သိပ်စိတ်ဝင်စားတာ ။

I don't think it's such an ( interesting/interested ) subject.
အဲဒါက ဒီလောက်ကြီး စိတ်ဝင်စားစရာ အကြောင်းအရာလို့ ငါမထင်ဘူး။

We did not like the translation work at first but now we are getting ( interesting/ interested ) in it.
အစကတော့ ဘာသာပြန်အလုပ်ကို ငါတို့ မကြိုက်ခဲ့ဘူး ။ ခုတော့တို့ စိတ်ဝင်စားလာပြီ ။

My neighbor is (interesting/ interested ) in astronomy and bought a telescope.
ကျနော့် အိမ်နီးချင်းက နက္ခပညာကို စိတ်ဝင်စားပြီး အဝေးကြည့်မှန်ပြောင်းတစ်ခု ၀ယ်လာခဲ့တယ် ။

( Interesting / Interested ) buyers will then get in touch with you directly.
စိတ်ဝင်စားတဲ့ဝယ်သူတွေက မင်းနဲ့ တိုက်ရိုက်ဆက်သွယ်ပါလိမ့်မယ် ။

The idea sounds very (interesting/interested) , I will present it to my seniors.
ဒီအကြံကတော့ စိတ်ဝင်စားစရာပါဘဲ ။ ကျနော် အထက်ကို တင်ပြပေးပါ့မယ် ။

It's ( interesting/interested ) to see how children learn to speak.
ကလေးတွေ စကားပြောတတ်လာပုံကို ကြည့်ရတာ စိတ်ဝင်စားစရာကောင်းတယ် ။

Don't you think I am an ( interesting/ interested ) person to be with ?
အတူနေဖို့ စိတ်ဝင်စားစရာလူတစ်ယောက်လို့များ မင်း ငါ့ကို မထင်ဘူးလား ။

English in Burmese

No comments:

Post a Comment