Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 14, 2014

ကိုယ့်သွေး ကိုယ့်သောက်ပြီး ပျော်နေမိပြီးလား…

အက်စကီးမို လူမျိုးတွေက ဘာအားမှ သုံးစရာမလိုပဲ ဝက်ဝံရိုင်းတွေကို ဖမ်းနိုင်တယ်.. ဘာကြောင့်ဆို ဝက်ဝံတွေရဲ့ လောဘကို အသုံးချနိုင်လိုပါ.. သွေး.အရမ်းကြိုက်တဲ့ ဝက်ဝံတွေကို ဖမ်းဖို့ဆိုရင် သူတို့က ဖျံတစ်ကောင်ကိုအရင်သတ်လိုက်ပြီး ဖျံရဲ့သွေးနဲ့ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို ပုံးတစ်ခုထဲ ပေါင်းထည့်လိုက်တယ်..

အရမ်းအေးတဲ့ဒေသမို့ အချိန်တိုအတွင်းမှာ သွေးခဲသွားတယ်.. ပြီးရင် ဓါးမြှောင်ပါတဲ့ ဖျံသွေးခဲ့ကို ရေခဲပြင်မှာပစ်ထားလိုက်ရုံပါပဲ..

အနံ့ခံကောင်းတဲ့ဝက်ဝံတို့ဟာ သွေးညှီနံ့နောက် လိုက်ပြီး သွေးခဲကိုခြေရာခံမိတာနဲ့ အငမ်းမရ လျှာနဲ့ လျက်စားပါတော့တယ် လျက်ရင်းလျက်ရင်းခဲနေတဲ့သွေးကပိုချိုလာ၊ ပိုလတ်ဆတ်လာ၊ပိုပူနွေးလာတယ်..
အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာကနာကျင်တာကို မခံစားမိတော့ဘူး..

သွေးခဲထဲက ဓါးမြောင်းကို လုံးဝမေ့ပြီး နှာခေါင်းထဲက လတ်ဆတ်တဲ့ သွေးနံ့ရလေလျက်နှုန်း က မြန်လေဖြစ်ပြီး ကိုယ့်သွေးကိုယ် ပြန်သောက်နေမိတယ်

.. နောက်ဆုံး..သွေးထွက်လွန်ပြီးမူးလဲသွားတဲ့ အချိန်မှာ ထိုသူတွေက ဘာအင်အားမှ မသုံးဘဲဖမ်းလိုက်ရုံပါပဲ..အားလုံးမှာလိုချင်တပ်မက်ခြင်း
လောဘဆိုတာရှိကြပါတယ်.. လူသားတွေကတော့ လောဘလေးထားပြီး အလုပ်လုပ်ကြလို့လည်းအောင်မြင်သင့်သလောက် အောင်မြင်ကြပါတယ်..

သူဌေးကြီးဘီလ်ဂိတ်ကဘယ်လိုပြောလဲဆိုရင် “ခင်ဗျားဆင်းဆင်းရဲရဲမွေးလာတာခင်ဗျားအပြစ် မဟုတ်ပါဘူး၊ ဆင်းဆင်းရဲရဲနဲ့သာသေဆုံးသွားမယ် ဆိုရင်တော့ ဒါဟာခင်ဗျာအပြစ်” တဲ့.. ဒါကြောင့် ငွေနောက်ကိုအသည်းအသန်လိုက်နေကြတယ်.. ငွေရှာတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်..

တင်းတိမ်ရောင့်ရဲနိုင်တဲ့လူကဘယ်တော့မှမဆင်းရဲပါဘူး..
မတင်းတိမ်နိုင်တဲ့လူသာအမြဲဆင်းရဲနေတယ်။ ဒါကြောင့် Yangon life ရဲ့ မိတ်ဆွေတွေအားလုံးကိုလဲ ရောင့်ရဲနိုင်တဲ့သူတွေ ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြလိုက်ပါတယ်..

Credit to – မူကြိုဆရာ

စုစည်းတင်ပြသူ – LILY

yangon Life

No comments:

Post a Comment