ကမ္ဘာပေါ်မှာ ကလေးပေါင်း ၁၂ သန်းလောက် နှစ်စဉ် လူကုန်ကူးခံနေရပြီး
အဆိုးဝါးဆုံးဒေသဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှဒေသတွေ ဖြစ်တယ်လို့
ရွှေ့ပြောင်းသွားလာနေတဲ့ ကလေးများဆိုင်ရာကွန်ရက်က ပြောပါတယ်။
unicefဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးသူငယ်လူကုန်ကူးမှု
ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ပြန်တဲ့ အစီအရင်ခံစာ ကြေညာချက်မှာ
ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီကြေညာချက်မှာ ကလေးသူငယ်တွေကို
အန္တရာယ်ပြုနေပြီး အမြတ်ထုတ်နေတဲ့ အဆိုးဝါးဆုံး ဒီရာဇ၀တ်မှုကို တွန်းလှန်ဖို့
ကလေးသူငယ်တွေ လူကုန်ကူးမှုတွေကို လူတိုင်းဆန့်ကျင်တိုက်ဖျက်ကြဖို့ကိုလည်း
တိုက်တွန်းလိုက်ပါတယ်။
စားဝတ်နေရေး မဖူလှုံတာ၊ စစ်ပွဲနဲ့
သဘာဝဘေးဒဏ် ခံနေရသူတွေ၊ မိသားစုနဲ့ ရပ်ရွာအတွင်း ပြဿ နာ ရှိနေသူတွေ၊
လူကုန်ကူးမှု အသိပညာနိမ့်ကျသူတွေ၊ ဘ၀တိုးတက်ရာ ရှာဖွေ လိုချင်သူတွေ စတဲ့
အကြောင်းအမျိုးမျိုး ရှိနေတဲ့ မိသားစုတွေရဲ့ ကလေးသူငယ်တွေကို
ပစ်မှတ်ထားပြီး လူကုန်ကူးနေကြတယ်လို့လည်း တွေ့ရှိရပါတယ်။
ကလေးသူငယ်လူကုန်ကူးမှုဟာ မြန်မာပြည်တွင်းမှာရော ပြည်ပ အိမ်နီးချင်း ထိုင်း၊
တရုတ် နိုင်ငံတွေကို ရောင်းချတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
လူကုန်ကူးခံရတဲ့ ကလေးငယ်တွေဟာ သူတောင်းစား၊ ကလေးပြည့်တန်ဆာ၊ အိမ်ဖော်၊
စက်ရုံနှင့် စိုက်ပျိုးရေးအလုပ်သမား၊ ငါးဖမ်းလှေလုပ်သား၊ မူးယစ်ဆေးဝါး
သယ်ဆောင်ပေးရသူတွေအဖြစ် လုပ်ကိုင်နေကြရတယ်လို့ အစီရင်ခံစာမှာ
ဖော်ပြထားပါတယ်။
By ဒီဗွီဘီ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 12, 2014
ကလေးငယ်များ လူကုန်ကူးခံရမှု အဆိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်
ကလေးငယ်များ လူကုန်ကူးခံရမှု အဆိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 12, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment