Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 14, 2014

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာနေဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများပြော

By
အောင်သူရ

ကုလအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကို ၂၀၀၈ မေ ၂၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ − အီးပီအေ)

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)မှာကျန်းမာစွာဖြင့်  နေပြည်တော်နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

လူမှုရေးကွန်ရက်များတွင် ပျံ့နှံ့နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကွယ်လွန်သွားသည်ဆို သော  ကောလာဟလနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသား စုဝင်များနှင့် နီးစပ်သူများသို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာအားလုံးက ကျန်းမာစွာဖြင့် နေပြည်တော်တွင်ရှိနေကြောင်း ပြောကြသည်။

သို့သော် ဦးသန်းရွှေမှာ ကျန်းမာရေးမကောင်းသည့် ပုံစံမျိုး တွေ့ရပြီး လမ်းလျှောက်ရာတွင် တွဲ၍ လျှောက်နေရကြောင်း လွန် ခဲ့သည့် သုံးလခန့်က အခမ်းအနား တစ်ခု၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြင်တွေ့လိုက်ရသူတစ်ဦးက ပြောသည်။


 အသက် (၈၂) နှစ်အရွယ်ရှိဦးသန်းရွှေသည် နေပြည်တော်ရှိ အိမ်တော်တွင် နေထိုင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment