Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

ထုတ်လုပ်ရေးကိုဗန်းပြပြီး ကလေးတွေကိုလုပ်စားနေတဲ့သူတွေ ၃၅လမ်းမှာရှိတယ်

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုး တက်မှုအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ပထမအကြိမ် အစုရှယ်ယာရှင်များ၏ အထွေထွေ အစည်းအဝေးတွင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကိုတွေ့ဆုံခိုက် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးမှုအ များနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အ ကြောင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအသစ်ပြန်လည်ရွေးချယ်ရေးမှာ လူ မင်းအနေနဲ့ ပြန်လည်အရွေးခံဖို့လျှောက် လွှာပြန်တင်ထားတယ်လို့သိရတဲ့အတွက် လည်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

အများပိုင်ကုမ္ပဏီနဲ့ပတ်သက်ပြီး အန်ကယ် လေးဘက်က ရှင်းပြပေးလို့ရမလားရှင့်။

အများပိုင်ကုမ္ပဏီကို လူ ၁ဝယောက် က ကြီးမှူးပြီးလုပ်လိုက်တယ်။ ဂဃနဏ မသိဘူး။ ဆိုလိုချင်တာက ဒီလူတွေက ကုမ္ပဏီကြီးဖြစ်အောင် အရင်လုပ်လိုက် တာ။ အားလုံးပြီးသွားတော့မှ အခုလိုနှစ် ပတ်လည် အသင်းအစည်းအဝေး လုပ်တာ ပေါ့။ ကိုယ်တို့ဆီမှာက အများပိုင်နဲ့ပတ်သက် လို့ Knowledge ကနည်းပါးတယ်။ ကိုယ်တို့ တောင်လုပ်ရင်းကိုင်ရင်းနဲ့မှ လေ့လာရတာဆို တော့ ဒါကို မသိဘဲနဲ့ဝေဖန်ပြောဆိုမှုတွေလည်း ကြုံနေရတာပေါ့။

MMPD (မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများနှင့် သက်ဆိုင်သော ကုမ္ပဏီ)ကရော ရုပ်ရှင် နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေဆောင်ရွက်ခဲ့ တာရှိမလဲရှင့်။

ဒီကြားထဲမှာတော့ ကုမ္ပဏီကြီးကိုပဲ ခိုင်မာအောင်ဖွဲ့စည်းရတယ်။ သူ့ရဲ့လုပ်ထုံးလုပ် နည်းကအများကြီးပဲ။ အဲဒီလုပ်ထုံးလုပ်နည်းအတိုင်း ပဲလုပ်ရတယ်။ သူကဥပဒေစည်းမျဉ်းစည်းကမ်း အရမ်းတင်းကျပ်တဲ့ ဖွဲ့စည်းပုံနဲ့လုပ်ရတာ။ ဒီလို အများပိုင်ကုမ္ပဏီတစ်ခုကိုနိုင်ငံတော်က ခွင့်ပြုဖို့ ဆိုတာလည်းမလွယ်ဘူး။ လူ၁ဝယောက်ဝင်ရင် တောင် အဲဒီလူ ၁ဝယောက်ရဲ့ ပတ်သက်တဲ့ရာဇဝင် တွေ အားလုံးကိုလိုက်ပြီးတော့မှ အဆင်ပြေမှဝင် ခိုင်းတာ။ အခုကုမ္ပဏီကလည်း လက်ရှိအစိုးရက တရားဝင်ခွင့်ပြုထားတဲ့အဖွဲ့အစည်းကြီး၊ နောက် သမ္မတတက်ရင်တောင်မှခွင့်ပြုရမယ့် အဖွဲ့အစည်း ကြီးပေါ့။ လမ်းဘေးမှာဖွဲ့ထားတဲ့အဖွဲ့မဟုတ်ဘူး။ လက်ဖက်ရည်တစ်ခွက်တောင် စာရင်းဇယားမရှိ ဘဲသောက်လို့မရတဲ့အဆင့်အထိပဲ။ အဲဒါကြောင့် ရှေ့လျှောက်ရော အခုရော ရုပ်ရှင်လောကအတွက် ကို အများကြီးအကျိုးပြုသွားမှာပါ။

ရုပ်ရှင်လောကအတွက်ကို အကျိုးပြုမယ်ဆိုတော့ အခု နောက်ပိုင်း ထုတ်လုပ်ရေးအကြောင်းပြပြီး အနု ပညာရှင်တွေနဲ့ လုပ်စားနေတာတွေရှိတယ်။ အဲဒီ အတွက်ရော အန်ကယ်လေးတို့အနေနဲ့ဘယ်လိုလုပ် ဆောင်သွားဖို့ရှိလဲရှင့်။

အဲဒါကတော့ အန်ကယ်လေးတို့အနေ နဲ့ဆိုတာထက် ဥပဒေကြောင်းအရ ဆောင်ရွက်တာ က အမှန်ကန်ဆုံး၊ အလုံခြုံဆုံးလို့ထင်တယ်။ လုပ် ကတည်းက စာရွက်စာတမ်းနဲ့ တိတိကျကျလုပ်၊ နားလည်အောင်လုပ်၊ နားမလည်ရင် စာချုပ်လက် မှတ်မထိုးနဲ့။ စာချုပ်ဆို ကိုယ်တို့လူတွေကကြောက် ကြတယ်။ တကယ်တော့စာချုပ်က ကိုယ့်အတွက် အလုံခြုံဆုံးပဲ။သေသေချာချာ လုပ်ထားရင် အစည်း အရုံးတောင် ဝင်ပါစရာမလိုဘူး။ စာချုပ်မရှိတဲ့အ တွက်ကြောင့် နစ်နာတဲ့သူက နစ်နာတယ်။ ညီမမေး သလိုအဲဒီလိုကိစ္စတွေက အခုမှမဟုတ်ဘူး။ အနုပညာ ဝါသနာပါလွန်းတဲ့ ကလေးတွေက ရှိသမျှရောင်း ပြီး လာလုပ်၊ အဲ့ဒါကို အခွင့်ကောင်းယူချင်တဲ့သူ တွေကလိမ်စားတာပေါ့။ အဲဒါတွေ ၃၅လမ်းမှာရှိ တယ်။ နောက်ဆုံးဘာမှလည်းမဖြစ် အထုပ်ပိုက် ပြန်ရတဲ့ ကလေးတွေအများကြီးပဲ။ အဲဒီလိုကလေး တွေကိုလည်းမှာချင်တယ်။ သေချာလေ့လာပါ။ နားမလည်ရင်အစည်းအရုံးမှာ လာဆွေးနွေးပါ၊ တိုင်ပင်ပါလို့ပဲ အကြံပေးချင်ပါတယ်။

အန်ကယ်လေးအနေနဲ့ ဥက္ကဋ္ဌအသစ်ပြန်လည်ရွေး ချယ်ရေးမှာ ထပ်မံပါဝင်သွားဖို့ရှိတယ်လို့ သိရပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီးပြောပြပေးပါရှင့်။

ကိုယ်ကတော့အခုအဆိုပြုလွှာပြန်တင် ထားပါတယ်။ ပြန်အရွေးခံဖို့ အဆိုပြုလွှာတင်ထား ပါတယ်။

အန်ကယ်လေးက ရုပ်ရှင်အစည်းအရုံးမှာ ထမ်းရွက် စဉ်ကာလတစ်လျှောက် လစာလည်းမယူဘူး။ ဇာတ် ကားတွေလည်း လျှော့ရိုက်တယ်လို့သိရတယ်။

မှန်တယ်။ အဲဒါကြောင့်လေ။ ကိုယ်က လခမပြောနဲ့ ကိုယ့်ဘက်ကတောင် ပြန်စိုက်ထုတ်ပြီး လုပ်နေတဲ့သဘောပါရှိတယ်။ ဒါပေမဲ့ ဒါဟာလောက အတွက် ကောင်းကျိုးလို့ပဲသတ်မှတ်ပါတယ်။

ပြန်အရွေးခံလို့ ဝေဖန်ကြတာတွေလည်းရှိတယ်နော်။

ဝေဖန်မှုရှိပါတယ်။ ကိုယ်မျှော်လင့်ထား ပါတယ်။ ကိုယ်ကပထမတုန်းက လုံးဝအရွေးမခံ တော့ပါဘူးလို့ တရားဝင်ကြေညာထားပြီးသား။ ကိုယ်ဆောင်ရွက်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ကိုယ် စွမ်းဥာဏ်စွမ်း ရှိသလောက်လုပ်မယ်။ လုပ်နိုင်သ လောက်လုပ်မယ်။ သက်တမ်းကုန်ရင်တော့ ကိုယ် နုတ်ထွက်မယ်။ ကိုယ်ကအခု ဇာတ်ကားတွေလည်း ရိုက်နေတာဆိုတော့ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လည်းအများကြီးထိခိုက်တယ်။ ကိုယ့်အချိန်တွေ အများကြီးထိခိုက်တယ်။ ကိုယ့်မိသားစုအချိန်တွေ အများကြီးထိခိုက်တယ်။ ကိုယ်ကလုပ်နိုင်သလောက် လုပ်ပြီးရင် နားမယ်ဆိုပြီးဆုံးဖြတ်ထားတာ။ တကယ် တမ်းအဆိုပြုလွှာ ဖောင်ပိတ်ရက်မှာကြည့်လိုက် တော့ နောက်သက်တမ်း အတွက် လာရောက်အ ရွေးချယ်ခံဖို့ အဆိုပြုလွှာတင်ထားတဲ့သူ အရေအ တွက်က အင်မတန်နည်းတယ်။ တချို့အလွှာတွေ ဆိုရင်တစ်ယောက်မှ တောင်လာမတင်ကြဘူး။ အဲဒီအတိုင်းကြီးသာ ရွေးကောက်ပွဲလုပ်လိုက်ရင် လက်ရှိအခြေအနေထက် ပိုဆိုးတဲ့အနေအထားကို ရောက်တော့မယ်။ ကိုယ့်လောကသားတွေထဲမှာ လည်း ကိုယ့်ကိုပြန်လည်အရွေးချယ်ခံဖို့တိုက်တွန်း နေတဲ့သူတွေလည်းအများကြီးပဲ။ နာယကကြီးတွေ ကလည်း အတင်းတိုက်တွန်းတယ်။ အဆိုပြုလွှာကို အားဖြည့်ချင်တဲ့အတွက် ကိုယ့်အတွက်မစဉ်းစား ဘဲ အများအတွက်စဉ်းစားပြီး ဖောင်ပြန်တင်ခဲ့ တာပါ။

အခုလိုဖြေကြားပေးတာ အန်ကယ်လေးကို ကျေးဇူး တင်ပါတယ်ရှင့်။

|───────────Yangon Media Group ──────────|

No comments:

Post a Comment