Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 7, 2014

လူသတ်မှုကြောင့် မြန်မာ ၁၇ ဦးကို မလေးဖမ်းထား


မလေးရှားနိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​လူသတ်မှုတွေနဲ့ ​ပတ်သက်ပြီး ​မြန်မာနိုင်ငံသား ​၁၇ ​ယောက်ကို ​မလေးရှား ရဲတွေက ​ထိန်းသိမ်း လိုက်ပါတယ်။

မလေးရှားနိုင်ငံ ​ပီနန်ပြည်နယ်မှာ ​လွန်ခဲ့တဲ့ ​လပိုင်းတွေအတွင်း ​မြန်မာနိုင်ငံသား ​၁၈ ​ယောက်လောက် ​ပုံပျက်ပန်းပျက်စွာ ​အသတ်ခံခဲ့ရပြီးနောက် ​မလေးရှားရဲတွေက ​အခုလို ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။

ဒီလူသတ်မှုတွေဟာ ​မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခနဲ့ ​ဆက်နွယ်မှုရှိနိုင်တယ်လို့ ​မလေးရှားရဲတွေက ​ယူဆထားပါတယ်။

မြန်မာနိုင်ငံမှာ ​ရှိနေတဲ့ ​အမုန်းတရားကို ​မလေးရှားနိုင်ငံကို ​သယ်လာပြီး ​တစ်ဦးကိုတစ်ဦး ​လက်စားချေ ​သတ်ဖြတ်နေကြတယ်လို့ ​ပီနန်ရဲအရာရှိ ​Abdul ​Rahim ​Hanafi ​က ​Malay ​Mail ​ကို ​ပြောသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ​အသတ်ခံရသူတွေဟာ ​ဗုဒ္ဓဘာသာ ​ဖြစ်သလား၊ ​မွတ်စလင်တွေ ​ဖြစ်ကြသလားဆိုတာကိုတော့ ​မသိရပါဘူး။

မြန်မာတွေအရေး ​လှုပ်ရှားသူတွေကတော့ ​ရခိုင်မှာ ​ပဋိပက္ခ ​ဖြစ်ပေါ်ပြီးနောက် ​မြန်မာ ​ဗုဒ္ဓဘာသာဝင်တချို့ ​မလေးရှားနိုင်ငံမှာ ​အသတ်ခံခဲ့ရတာ ​ရှိတယ်လို့ ​ပြောကြောင်း ​အေအက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-08/1396833

No comments:

Post a Comment