Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 13, 2014

စာ​သ​င်ကျော​င်းများ​အနီး ကျော​င်း​သား၊ ကျော​င်း​သူများ​နှ​င့် မ​အပ်စ​ပ်ေ​သာ ဈေး​ဆိုင်များ ပိတ်သိ​မ်းေ​ပး​ရ​မည်ဟု​ဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ပေါ်ရှိ စာသင်ကျောင်းများပတ်ဝန်းကျင်တွင် ကျောင်းသူ၊ ကျောင်းသားများနှင့် မသင့်လျော် မအပ်စပ်သော အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ ဘီယာ၊ ဂိမ်းဆိုင်၊ အခွေဆိုင်များ ဖွင့်လှစ်ရောင်းချနေသူများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ခေါ်ယူတွေ့ဆုံ ၍ ဒီဇင်ဘာ ၅ ရက် နောက်ဆုံးထား ပိတ်သိမ်းပေးရန် ပြောကြားခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ကို နိုဝင်ဘာ ၂၇ ရက်က မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးကို ခေါ်တွေ့ပြီး ဒီဇင်ဘာ ၅ ရက် နောက်ဆုံးပိတ်သိမ်းပေးရမယ်လို့ ပြောတယ်။ ဘယ်နေရာကို ပြောင်းရမလဲဆိုတာ စဉ်းစားလို့မရသေးဘူး။ မပြောင်းရွှေ့ရဖို့အရေး သူတို့ဆီကိုတော့ အသနားခံစာတင်ထားပါတယ်” ဟု ဆူးကုန်းရပ်ကွက်မှ ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောသည်။

ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နိုဝင်ဘာ ၂၁ ရက် ရက်စွဲပါစာအမှတ် ၅/၄၃-၁၀၉ ဦး ၆ (၃၇၇၆) အရ အဆိုပါဂိမ်းဆိုင်များ ဖွင့်လှစ်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချမှုရှိပါ က စည်ပင်သာယာရေးအဖွဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိတ်သိမ်းသည်အထိ ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ပိတ်သိမ်းဆောင်ရွက်ရာတွင် အထက်တန်းကျောင်းများနှင့် နည်းပညာတက္ကသိုလ်တို့တွင် ကျောင်းပရဝဏ်မှ ပေ ၃၀၀ အတွင်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ပေ ၁၀၀ အတွင်း ဖွင့်လှစ်ရောင်းချနေသော အထက်ပါဆိုင်များအနေဖြင့် ဒီဇင်ဘာ ၅ ရက် နောက်ဆုံးထားပိတ်သိမ်းပေး ရမည်ဖြစ်ကြောင်း သိရသည်။

Democracy Today Daily

ဒီဇင်ဘာ (၅) ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment