Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 16, 2014

လိပ်ကျွန်းအမှု သက်သေထွက်ဆိုမည့် မြန်မာများ လုံခြုံရေးကြောင့် အခက်တွေ့


ထိုင်းတောင်ပိုင်း စူရဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးဖက်မှ
သက်သေထွက်ဆိုမည့် အခြားသော မြန်မာနိုင်ငံသား ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအာမခံချက် မရှိ၍ အခက်တွေ့နေသည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
“သူတို့ဆီက ပြောပြချက်တွေ အားလုံးကြားပြီးသွားပြီဆိုပေမယ့် တရားရုံးမှာ ထွက်ဆိုဖို့ကို မလိုက်ရဲကြဘူး ဖြစ်နေတယ်။ ဘယ်သူက ကျည်ဆံထဲ ခေါင်းဝင်တိုးရဲမလဲ။ အဲဒီကိစ္စအတွက် သံအမတ်ကြီးနဲ့ တိုင်ပင်ပြီး အစိုးရချင်း လုပ်ပေးဖို့ ပြောမယ်”ဟု ၎င်းကဆိုသည်။
ကော့တောင် (ခိုတောင်) ကျွန်းနေ သက်သေ ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများရှိနေခြင်း၊ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက် လုပ်ကိုင်နေရခြင်းတို့ကြောင့် တရားရုံးတွင် သက်သေအဖြစ် လိုက်ပါထွက်ဆိုရန် ခက်ခဲနေခြင်းဖြစ်သည် ဟုပြောသည်။
လူသတ်မှုအတွက် ချေပနိုင်ရန် ကော့တောင်မှ မြန်မာ ၈ဦးနှင့် ထားဝယ်သို့ ပြန်လည်ရောက်ရှိနေသည့် မြန်မာ ၇ဦးတို့၏ ထွက်ဆိုချက်များကို စုဆောင်းထားပြီး ယင်းတို့၏ အမည်များကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ဟု ဦးအောင်မျိုးသန့်က ဆိုသည်။ လူသက်သေအပြင်အခြား ပစ္စည်းသက်သေများကိုလည်း မြန်မာသံရုံးအဖွဲ့က စုဆောင်းထားပြီးဖြစ်သည်ဟု သိရသည်။
ကော့တောင်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ဒေးဗစ်နှင့် ဟန်နာတို့၏ မိသားစုင်များကလည်း လူသတ်မှုနှင့် ပက်သက်ပြီး ကျူးလွန်ခဲ့သည့် အထောက်အထားများကို အခိုင်အမာရရှိထားသည်ဟု ထုတ်ပြန်ထားသည်။
ကော့တောင်ကျွန်း လူသတ်မှုကို စစ်ဆေးရန် ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းတရားရုံးက လက်ခံခဲ့ပြီး ပထမဆုံး အမှုရုံးချိန်းကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ခဲ့ကာ ဒုတိယရုံးချိန်း အဖြစ် တရားလိုပြသက်သေများ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
Source : Mizzima

No comments:

Post a Comment