Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 6, 2014

လူမိုက်ဂိုဏ်းခေါင်းဆောင်များ လွတ်နေဆဲ

Byအေးမြတ်သူမိုးညို
ရန်ကုန်မြို့တွင် နိုဝင်ဘာလအတွင်း ဖမ်းဆီးခဲ့သူများထံမှ တွေ့ရှိရသည့်လက်နက်များ/ဓာတ်ပုံ - Yangon Police
ရုပ်ရှင်ဇာတ်ကားဆန်ဆန် အရပ်ဝတ်ဖြင့်ရော ယူနီဖောင်းဖြင့်ပါ ရဲဝန်ထမ်းအင်အား ၃၀၀ ကျော်က သီရိမင်္ဂလာဈေးသစ်တွင် မိုက်ကြေးခွဲရမ်းကားနေသည့် လူမိုက် ၃၀ ကျော်ကို ဖမ်းဆီးလိုက်ပြီးရန်ကုန်ရှိ လူမိုက်ဂိုဏ်းများ နှိမ်နင်းမှုကို အရှိန်မြှင့်လိုက်သည်။

ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာ ဈေးသစ်အပါအ၀င် ညလုံးပေါက် နိုက်ကလပ်များဖွင့်လှစ်သည့် မင်္ဂ လာဈေးအနီးနား တစ်ဝိုက်တွင် ယခင်ကဲ့သို့ မိုက်ကြေးခွဲရမ်းကားသည့် လူမိုက်အချို့ မရှိသလောက် နည်းပါးသွားပြီး လူမိုက်များကို စီမံချက်ဖြင့် စတင်ဖမ်းဆီးအရေး ယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က မီဒီယာများ ကို နိုဝင်ဘာနောက်ဆုံးပတ်တွင် ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင်း ခရိုင်အ လိုက် စီမံချက်ဖြင့် စက်တင်ဘာမှစ၍ အုပ်စုဖွဲ့ ဒုစရိုက်မှုများကို လိုက်လံဖမ်းဆီးရာ သုံးလအတွင်း ခရိုင်လေးခုတွင် ဒုစရိုက်အမှု ပေါင်း ၁,၂၀၀ ကျော်၊ တရားခံပြေးနှင့် စစ်ပြေး ၁၀၁ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ ဒုစရိုက်လုပ်ငန်းများတွင် ကျင်လည်လုပ်ကိုင်နေ သည့် လူမိုက်ဂိုဏ်းများကို ရဲတပ် ဖွဲ့က ဖမ်းဆီးမှုအရှိန်မြှင့်လိုက်ချိန်တွင် လူမိုက်ဂိုဏ်းများ၏ နောက် ကွယ်က ထိပ်သီးခေါင်းဆောင်အ ချို့ နယ်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း လူမိုက်များနှင့် နီးစပ်သူများက ဆိုသည်။

‘‘အခုမိတဲ့သူတွေက လွတ် ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူ တွေ ပြန်ပါသွားတယ်။ တချို့က လူ ငယ်လေးတွေများတယ်။ နောက် ကွယ်က ခေါင်းဆောင်ပိုင်းတွေ တော်တော်များများက ရှောင်သွား ပြီ။ ရန်ကုန်မှာမရှိတော့ဘူး။ ရဲတွေ ဖမ်းပြီဆို ဒီလိုပဲ တိမ်းရှောင်နေ တာ မထူးဆန်းတော့ဘူး’’ဟု သာ ကေတမြို့နယ်တွင် ကြေးစားလူ မိုက်အလုပ်ဖြင့် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးပြီး ယခုသာသနာ့ ဘောင်တွင် တရားအားထုတ်နေ သူ ဦးပဉ္စင်း ဦးဣန္ဒက က မိန့်သည်။

လူမိုက်လောကတွင် အစား ၀င်ပေးသည်ဆိုသည့် ဆိုရိုးရှိပြီး ယင်းက ဂိုဏ်းတစ်ခုလုံး၏ ဖွဲ့စည်းပုံမပျက်စေရန် ခေါင်းဆောင်ပိုင်း က နယ်မြို့များသို့ တိမ်းရှောင်သွား ပြီး ကျန်တပည့်လက်အောက်ငယ် သားများက နောက်ဆုံးအခြေအ နေတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ကို ခံယူလိုက်ကြသည်ဟု ဦးပဉ္စင်းက မိန့်သည်။

ထို့ကြောင့် ဖမ်းဆီးခြင်းခံ လိုက်ရသည့် လူမိုက်ငယ်လေးများ ပြန်လည်လွတ်မြောက်စေရန် ကျန်ရှိသည့် ခေါင်းဆောင်ပိုင်းနှင့် နောက်ကွယ်မှ ပံ့ပိုးသူလုပ်ငန်းရှင် များက ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး အမှုကို သက်သာစေရန် လုပ်ဆောင် လေ့ရှိသည်ဟု ဦးပဉ္စင်းက ၎င်း၏အတွေ့အကြုံကို ဆက်လက်မိန့် သည်။

စီမံချက်ဖြင့် လူမိုက်များ ဖမ်းဆီးခြင်းကို ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများကာလမတိုင်မီကလည်း ပြု လုပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် လူ မိုက်ဂိုဏ်းများ မူလအတိုင်းပြန် လည် ပေါ်ပေါက်လာသည်ဟု လည်း လူဆိုးဂိုဏ်းများနှင့် နီးစပ်သူများက ပြောသည်။

‘‘ဒီအဖွဲ့တွေက အခြေတကျ နေတဲ့သူတွေမဟုတ်ဘူး။ အခုလို ဖမ်းဆီးတော့ နယ်ဘက်တွေကို ထွက်ပြေးတယ်။ ဖမ်းဆီးတာပြန် ငြိမ်ပြီဆိုပြီး ပြန်လာ။ ၀င်လိုက် ထွက်လိုက်လုပ်နေတာ’’ဟု ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲ မှူး ပြည့်စုံက ပြောသည်။

စီမံချက်ဖြင့် ဖမ်းဆီးမှုများပြု လုပ်စဉ် လှိုင်သာယာမြို့နယ်ရှိ နာ မည်ကြီး လူမိုက်ဂိုဏ်းတစ်ခုသို့ ၀င်ရောက်ဖမ်းဆီးရာ ရဲတပ်ဖွဲ့ကို ပြန် လည်ခုခံခဲ့သောကြောင့် ခက်ခဲစွာ ဖမ်းဆီးခဲ့ရကြောင်း အထက်ပါ ဒုရဲမှူးကပင် ပြောသည်။

လူမိုက်ဂိုဏ်းများ ရန်ကုန် တွင် ကြီးစိုးစဉ်က လောင်းကစား ၀ိုင်းများ၌ စောင့်ပေးခြင်း၊ ည ပိုင်းမှသာ ပြေးဆွဲသည့် ဒိုင်နာ ယာဉ်များတွင် ယာဉ်နောက်လိုက် နှင့် ဒရိုင်ဘာအဖြစ် ၀င်ရောက်လုပ်ကိုင်ခြင်းတို့ရှိခဲ့ပြီး ယခုရဲတပ်ဖွဲ့က စီမံချက်ဖြင့် စတင်ဖမ်းဆီးနေချိန် ၌ ၎င်းတို့က မွေးရပ်ဇာတိကို ခေတ္တခဏပြန်ကြကြောင်း လှိုင် သာယာမြို့နယ်နေ ဒိုင်နာယာဉ် မောင်း ကိုကတုံးက ပြောသည်။

ထို့ကြောင့် လူမိုက်အချို့တို့ ၀င်ရောက်လုပ်ကိုင်လေ့ရှိသည့် လှိုင်သာယာနှင့် ကြည့်မြင်တိုင်ကို ညဦးပိုင်းတွင် ပြေးဆွဲလေ့ရှိသည့် ဒိုင်နာအချို့၌ ယခုရက်ပိုင်းအ တွင်း ယာဉ်နောက်လိုက်ရှားပါးနေ ပြီး လူသစ်များဖြင့် ပြေးဆွဲနေရ သည်ဟု ဒိုင်နာယာဉ်မောင်း ကို  ကတုံးက ပြောသည်။


ရန်ကုန်တွင် နိုဝင်ဘာလအတွင်း ဖမ်းဆီးခဲ့သူများထံမှ ရရှိသော လက်နက်များ/ဓာတ်ပုံ - Yangon Police

လူမိုက်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိမှုများထဲတွင် တုတ်၊ ဓား၊ ပုဆိန်တို့နှင့်အတူ မူးယစ်ဆေးဝါးများကိုပါ တစ်ပါတည်း တွေ့ ရှိရတတ်ပြီး အများစုက နောက်ကွယ်တွင် အရှိန်အ၀ါဖြင့် ရပ်ကွက်အ တွင်း ပေါ်ပေါ်တင်တင်လုပ်ဆောင်နေကြသည်ဟု လှိုင်သာယာမြို့ နယ်မှ ရာအိမ်မှူးတစ်ဦးက ပြော သည်။အငြိမ်းစား စစ်အရာရှိအချို့ ၏ သားသမီးဆွေမျိုးအချို့၊  နာမည်မှေးမှိန်သွားပြီဖြစ်သော စီးပွားရေး လုပ်ငန်းရှင်အချို့က အဆိုပါလူ မိုက်ဂိုဏ်းများကို ပံ့ပိုးကာ မွေးထား တတ်ကြောင်း အထက်ပါ ရာအိမ် မှူးက ပြောသည်။

‘‘ရပ်ကွက်ထဲက လူတွေက လူမိုက်ဂိုဏ်းတွေ ဘယ်လိုလုပ်ရှားနေတယ်ဆိုတာ နေ့တိုင်းမြင်နေရတာ ပဲ။ ဒါပေမဲ့ ကိုယ့်အသက်နဲ့ ခန္ဓာ အတွက် သတင်းမပေးရဲဘူး’’ဟု အထက်ပါ ရာအိမ်မှူးက ဆိုသည်။လူမိုက်ဂိုဏ်းများတည်ရှိရာ နေရာကို သတင်းပေးခဲ့သည့်အဆို ပါ ရာအိမ်မှူးမှာလည်း ၎င်း၏ မိသားစုလုံခြုံရေးအတွက် နယ်မြို့ တစ်ခုသို့ ခဏတာပြောင်းရွှေ့ရန် စီစဉ်နေပြီ ဖြစ်သည်။

‘‘အစ်ကိုဖြစ်သူက လူမိုက် ဂိုဏ်းထဲမှာပါလို့ ဖမ်းခံလိုက်ရ တယ်။ ကျန်ခဲ့တဲ့ သူ့ညီက ရဲကို ဘယ်သူသတင်းပေးတာလဲဆိုပြီး ရပ်ကွက်ထဲမှာ ဓားကြိမ်းကြိမ်း ထားတယ်’’ဟု အထက်ပါ ရာအိမ်မှူးက ပြောသည်။

‘‘ရန်ကုန်က မြို့နယ်လို မဟုတ်ဘူး။ လူနေလည်း ထူထပ်တော့ တစ်ခုခုလုပ်သွားရင် ဘယ်သူဘယ်ဝါမှန်းမသိရဘူး။ ဒီတော့ဒုစရိုက် အမှုတွေ ပိုလုပ်ကြတာပေါ့။ဖမ်းဆီးနေတဲ့ စီမံချက်ကို သတ်မှတ်ထားတာမရှိပါဘူး။ ကျူးလွန်ရင် ကျူးလွန်သလို အရေးယူသွားမှာပါ’’ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုရဲ မှူး ပြည့်စုံက နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထောက်များအား ပြောခဲ့သည်။ ရန်ကုန်နေပြည်သူများက တော့ လူဆိုး၊ လူမိုက်ဂိုဏ်းများ၏ အန္တရာယ်မစိုးရိမ်ရဘဲ အေးချမ်းစွာ နေလိုကြသည်။  ထို့ကြောင့် ရဲတပ် ဖွဲ့၏ လူမိုက်ဂိုဏ်းများ နှိမ်နင်းသော စီမံချက် ပြီးဆုံးမည်ကိုပင် စိုးရိမ်နေကြလေသည်။

No comments:

Post a Comment