Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 12, 2014

ပြဇာတ်တစ်ခါမှ မကဖူးတာမို့ ခုပထမဆုံးကပြရမယ့် ပြဇာတ်မှာ အမှားမရှိအောင် ကြိုးစားနေတယ်လို့ဆိုတဲ့ ၀င့်ယမုံလှိုင်


ဒီဇင်ဘာ၁၄ ရက်နေ့မှာ ကျင်းပမဲ့ Junction Centre 15 နှစ်ပြည့် ပြဇာတ်ဟာ သူမအတွက် ပထမဆုံး ပါဝင်တင်ဆက်မှုလို့ ဆိုလာတဲ့ ၀င့်ယမုံလှိုင်က “ဒီပြဇာတ်ကညီမတွက် ပထမဆုံးလဲဖြစ်တယ်။ နောက်ပြီး သရုပ်ဆောင်အကြီးတွေနဲ့တွဲပြီးလုပ်ရမှာဆိုတော့ အမှားအယွင်း မရှိအောင် ကြိုးစားနေပါတယ်။ ဒီထဲမှာ ညီမက ကိုမင်းမော်ကွန်းနဲ့တွဲရမယ်။ ယမမင်းကတော်ပေါ့။ နောက်ထပ် တခြားမင်းကတော်ကတော့ မခိုင်လေးပေါ့။ သူနဲ့က Junction Centre မှာ shopping ထွက်ရင်း ပြသနာတွေတက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်တွေဖြစ်ကြတာကို ဟာသ plog လေးတွေနဲ့လုပ်ထားတဲ့ ပြဇာတ်လေးပေါ့။” လို့ သူမက ပြောပါတယ်။
၂၀၁၃ အကယ်ဒမီပေါ်သူမရဲ့အမြင်နဲ့  “အကယ်ဒမီပေးပွဲကို ၂ ခါတက်ဖူးတယ်ပေါ့။ ဒီနှစ်နဲ့ဆို ၃ ခေါက်မြောက်ပေါ့။ အပြောင်းအလဲပေါ်တော့သိပ်မပြောတတ်ပါဘူး။ ဒါပေမဲ့ အကယ်ဒမီဆို စိတ်လှုပ်ရှားပြီးသားပါ။ ရင်လဲခုန်တယ်။ ပိုးထည်ကတော့ မသေချာသေးဘူး။ အကယ်ဒမီ ဆိုတာကတော့ အနုပညာသမားတိုင်းအတွက် အမှတ်တရတစ်ခု၊ မှတ်တိုင်တစ်ခုလို့မြင်မိပါတယ်။ အကယ်ဒမီကိုလူတိုင်းမက်မောကြမှာပါပဲ။ ခုကြားနေရတာကတော့ မကစ်လို့လဲကြားတယ်။ ကိုပြေတီဦးလဲ ကြားတယ်။ ကိုလူမင်းလဲကြားတယ်။ New Year ကတော့ ခရီးသွားဖြစ်မယ်ထင်တယ်။ မသေချာသေးပါဘူး။ သွားဖြစ်ရင်တော့ အလုပ်နဲ့ပဲသွားမှာပါ။ မသွားဖြစ်ရင် ရန်ကုန်မှာပဲရှိမှာပါ။ ကားရိုက်ကတော့ ညီမ စီးရီးကတော့ ရိုက်ပြီးသွားပြီဆိုတဲ့တွက် အပြင်က ကမ်းလှမ်းမှုတွေကို လက်ခံလို့ရတယ်။ ခုလောလောဆယ်တော့ မရိုက်ရသေးဘူး။  ခု ကမ်းလှမ်းထားတာတွေကိုတော့ စဉ်းစားနေပါတယ်”တဲ့။
 ခင်ဆွေသက်

No comments:

Post a Comment