Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

မန္တလေးမြို့တွင် ကျပ်သိန်း ၅၀၀၀ ခန့် လိမ်လည်ခဲ့သော ဒုရဲမှူး၏ဇနီး ထောင်ဒဏ်များ ထပ်မံချမှတ်ခံရ

မန္တလေးမြို့ရှိ လူပေါင်း ၄၀ ဦးခန့်ထံမှ ကျပ်သိန်ပေါင်း ၅၀၀၀ခန့် လိမ်သည့် ဒုရဲမှုး၏ ဇနီးအား ထပ်မံ၍ တရားရုံးမှ လိမ်လည်မှု စာရွက်စာတမ်းအတု ပြုလုပ်မှု အတွက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀နှင့် ၄၆၈အရ အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီ ပေါင်း လေးနှစ်ကျခံစေရန် ဒီဇင်ဘာ ၁၂ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
“မနန်းမြင့်နွယ်နဲ့ ကျွန်မ ခင်မင်တာက ၁၀ နှစ်နီးပါးလောက် ရှိပါပြီ။ အဲဒါကြောင့် ကျွန်မကို အကူအညီ တောင်းတာဆိုလို့ ကျွန်မကယုံပြီး ငှားလိုက်တာ။ နှစ်ရက်ဆိုပေမယ့် တစ်ပတ်ကြာမှ သွားပြန်တောင်းတော့ မရတော့ဘူး။ သူက ကျွန်မ မြေစလစ် အိမ်စာချုပ်ကို တခြားမှာ ရောင်းပစ် လိုက်တယ်လို့ သိရတယ်။ အဲဒီအတွက် ကျွန်မ အောင်ပင်လယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ။ အမှုက တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက် ကြာတယ်။ ဒီကြားမှာ သူက မြေစာချုပ်အတု လုပ်မှုကို သူ့ယောက်ျား ဒုရဲမှူး အကူအညီနဲ့ အာမခံရတယ်။ အဲဒီအတွက် အထက်အဆင့်ဆင့်ထိ ကျွန်မတို့ တက်တော့မှ ခု ဒီဇင်ဘာ ၁၁ ရက်နေ့က သူ့ကို လိမ်လည်မှုစာချုပ် အတုပြု လုပ်မှုတွေအတွက် နှစ်နှစ်စီနဲ့ ထောင်ဒဏ် လေးနှစ်ကျသွားတာ ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ် ရင်ဆိုင်ရဦးမယ့် အမှုတွေလည်း အများကြီး ကျန်နေသေးတယ်”ဟု အလိမ်ခံရသူ တစ်ဦး ဖြစ်သည့် ဒေါ်အိအိချိုက ပြောကြားသည်။
ယင်းအပြင် အဆိုပါ အမှုနှင့် ပတ်သတ်၍လည်း ခင်ပွန်းဖြစ်သူ ဒုရဲမှူး၏ အရှိန်အ၀ါကို အသုံးချကာ လိမ်လည်မှုများစွာ ကျူးလွန်ခဲ့ခြင်းဖြစ်၍ ခင်ပွန်းဖြစ်သူ နေပြည်တော် မူးယစ်အထူး ရဲတပ်ဖွဲ့မှ ဒုရဲမှူးအား ရာထူးနှင့် ဂုဏ်သိက္ခာ၊ တပ်ရင်းတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသောကြောင့် အရေးယူပေးရန် လိမ်လည်ခံရသူများက နေပြည်တော် ရဲချုပ်ထံ တင်ပြထားကြောင်းလည်း သိရသည်။
ဆွေနိုင်စစ်
http://www.tomorrow.com.mm/?q=articles/1267

No comments:

Post a Comment