Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 25, 2014

ဓါး၊ လှံ လက်နက်များ ကိုင်ဆောင်ရမ်းကားလေ့ ရှိသူ နှစ်ဦးကို ဖမ်းဆီးအရေးယူ



ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း အုပ်စုဖွဲ့၍ ဓါး၊ လှံ လက်နက်များ ကိုင်ဆောင် ရမ်းကားသူများအား ဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်း ဓါး၊ လှံ လက်နက်များ သိုဝှက်ထားသူ(၂)ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အများ ပြည်သူအား ဘေးအန္တရာယ် ဖြစ်စေနိုင် သော လက်နက်များ ကိုင်ဆောင် ရမ်းကားလေ့ရှိကြောင်း ကျော်ဇောသတင်းရှိသူ များအား ဖော်ထုတ် ဖမ်းဆီးရေး စီမံချက်အရ ၂၄.၁၂.၂၀၁၄ ရက်နေ့ညပိုင်းတွင် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေး ဦးဆောင်သည့် ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း၌ အဖွဲ့များခွဲ၍ ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ ဒုဌ၀တီ(၂)လမ်းနေ ဘိုစု (ခ)ထွန်းထွန်းဝင်း၊ (၂၈)နှစ်မှာ လူကို အန္တရာယ် ဖြစ်စေနိုင်သောလက်နက်များ ကိုင်ဆောင်ပြီး ရမ်းကားလေ့ ရှိကြောင်း သတင်းအရ ၎င်း၏နေအိမ်သို့ ၀င်ရောက် ရှာဖွေရာ အရိုးအသွား(၂)ပေ(၄)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါး(၁)ချောင်းကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၅၆၁/၂၀၁၄၊ လက်နက်ဥပဒေ ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

အလားတူ ၀၁၀၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ ဒုဌ၀တီ(၂)လမ်းနေ ဇင်သူ(ခ)မင်းဒင်လေး၊ (၃၁)နှစ်မှာ လူကို အန္တရာယ်ဖြစ်စေနိုင်သောလက်နက်များ ကိုင်ဆောင်ပြီးရမ်းကားလေ့ရှိကြောင်း သတင်းအရ ၎င်း၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ဓါးမြှောင်(၂)ချောင်း၊ ငှက်ကြီးတောင်ဓါးရှည်(၇)ချောင်းနှင့် လှံ(၁)ချောင်းတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၅၆၂/၂၀၁၄၊ လက်နက် ဥပဒေပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

၎င်းပြင် ပူးပေါင်းအဖွဲ့သည် အဆိုပါ ရပ်ကွက်အတွင်း အရက်ပုန်းရောင်းချ လျက်ရှိကြောင်း သတင်းရရှိထားသည့် ကျော်သူလှိုင်၊ အောင်ဒင်၊ ကျော်နိုင်ဦး၊ မင်းဇော်၊ မြသင်းနှင့် မခင်အုန်းမြင့် တို့၏နေအိမ်ဆိုင်များသို့ ၀င်ရောက်ရှာဖွေခဲ့ရာ လိုင်စင်မဲ့ အရက်များ သိမ်းဆည်းရမိခဲ့သဖြင့် ယစ်မျိုးဥပဒေဖြင့် အမှုများ အသီးသီး ရေးဖွင့်ကာ အရေးယူ ဆောင်ရွက်နိုင်ခဲ့ ပါသည်။

ပြည်သူဗဟိုပြုရဲ လုပ်ငန်း စနစ်အရ နယ်မြေအတွင်း စက်ဘီးလှည့်ကင်းဆောင်ရွက်ခဲ့ရာမှ ပြည်သူလူထုမှ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင် သတင်းပေးမှုကြောင့် ရပ်ကွက်အတွင်း ဘေးအန္တရာယ် ဖြစ်စေသော ဓါး၊ လှံ လက်နက်များ ကိုင်ဆောင်ရမ်းကား လေ့ ရှိသူများအား ယခုကဲ့သို့ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပြီး မှုခင်းကြိုတင် ကာကွယ်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူအား စိတ်အနှောက် အယှက်ဖြစ်စေပြီး အုပ်စုဖွဲ့ရမ်းကားခြင်းကို ကြောက်လန့်စိုးရွံ့စေရန် ပြုလုပ်လေ့ ရှိသူများအား သတင်းရယူ ဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment