Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 1, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ခွေးကြီးများ လစာနှုန်းထား တိုးမြင့်ပေးရန် လိုအပ်နေ

သတင်း+ ဓာတ်ပုံ
မုံရွာ၊ ဒီဇင်ဘာ ၂
ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အများပြည်သူ၏ အသက်ဘေးများ ထိခိုက်သေဆုံးခြင်း လုံးဝမရှိစေရန် ၎င်းတို့၏ အသက်ကိုစွန့်လွတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော မိုင်းရှာဖွေရေး ခွေးကြီးများအား လစာနှုန်းထား ခံစားခွင့်များ တိုးမြင့်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

" ခွေးလစာက တစ်လသုံးသောင်း၊ ဆေးဖိုးနဲ့ ကုသစရိတ်က တစ်သောင်း၊ ပေါင်းဆိုရင် တစ်လ လေးသောင်းကျပ်ရရှိတယ်..ဟု ခွေးထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။
အဆိုပါ မိုင်းရှာဖွေရေး ခွေးကြီးများသည် မြန်မာနိုင်ငံဖွား ခွေးများကဲသို့ ဒေသဆိုင်ရာ ရာသီဥတုဒဏ်အား ခံနိုင်ရည်ရှိမှုအလွန်နည်းပါးလွန်းသည့်အတွက် မကြာခဏ ဆေးခန်းသို့ပြသပေးကြရသည်။
ထို့ကြောင့် ပြည်သူတို့၏ လူမှုဘ၀လုံခြုံရေး ကိစ္စရပ်များကို တာဝန်ထမ်းဆောင်ပေးလျက်ရှိသော ခွေးကြီးများ၏ လစာမှာ အလွန်းနည်းပါးသဖြင့် လစာနှင့် လုံးဝ မလုံလောက်ကြောင်း သိရသည်။
Monywa Times

No comments:

Post a Comment