Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

ပြည်မြို့ကမ်းနားလမ်းတွင် ကျောက်စီနံရံများ တည်ဆောက်မည်

ပြည်မြို့ရှိ ဧရာဝတီမြစ် ကမ်းနားလမ်းသာယာလှပရေး ကျောက်စီနံရံများတည်ဆောက်ခြင်း၊ အနားယူအပန်းဖြေရန် နေရာများဆောင်ရွက်ခြင်းတို့ကို ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်မည်ဖြစ်ကြောင်း ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသတင်းရရှိသည်။


‘‘ပြည်မြို့က ဧရာဝတီမြစ်ရဲ့ မြစ်ကမ်းပါးကိုပိုင်ဆိုင်ထားတာ ဆိုတော့ မြစ်ကမ်းနားသာယာလှ ပရေး၊ လာရောက်လည်ပတ်သူ၊ ဒေသခံတွေအားလုံး အနားယူ အပန်းဖြေနိုင်အောင် ဆောင်ရွက် ပေးတာဖြစ်ပါတယ်။ အခုလို ဆောက်လုပ်ခြင်းဖြင့် ကမ်းနား သာယာလှပမယ့်အပြင် ရေတား နံရံတစ်ခုလည်းဖြစ်ပါတယ်’’ဟု ပြည်မြို့နယ်စည်ပင်သာယာဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး သူရဦးမြင့်သူကပြောသည်။

ကမ်းနားလမ်းသို့ အမှိုက် များလာရောက်စွန့်ပစ်ခြင်း၊ စည်း ကမ်းမဲ့ခြင်းများမပြုလုပ်နိုင်ရန်နှင့် ပြည်သူများအဆင်ပြေစွာလမ်း လျှောက်သွားလာနိုင်ရန်၊ မြစ် ကမ်းရှုခင်းများကြည့်ရှုနိုင်ရန် ပေ ၆၆၀ ကျော်အရှည်ရှိမည့်ပလက် ဖောင်းများပါ ခင်းကျင်းသွားမည် ဖြစ်သည်။

‘‘ပလက်ဖောင်းခင်းတာနဲ့ ကျောက်စီနံရံ ပေ ၃၀၀ လောက် ကတော့ လာမယ့်နှစ်ကျမှ လုပ် နိုင်မယ်။ ဒီနှစ်ပြုလုပ်တဲ့ကျောက် စီနံရံမှာ အသုံးပြုငွေကတော့ သိန်းသုံးရာ့လေးဆယ်ကျော်ကုန် ကျပါတယ်’’ဟု သူရဦးမြင့်သူက ပြောသည်။
http://7daydaily.com/story/27676#.VJpTS_8BjA

No comments:

Post a Comment