Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 3, 2014

ပီအာရ်လျှောက်မည့်သူများ နှစ်စဉ်ကြေး ဒေါ်လာတစ်ထောင် သတ်မှတ်

နိုင်ငံရေးခိုလှုံခွင့်ယူထား သူနှင့် ပြည်တွင်း၊ ပြည်ပပြစ်မှု မှတ်တမ်းရှိသည့် မြန်မာနိုင်ငံသား ဟောင်းများကို အမြဲတမ်းနေထိုင် ခွင့်ပေးမည်မဟုတ်ကြောင်းလူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောကြားလိုက်သည်။

အမြဲတမ်းနေထိုင်ခွင့်သက် တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး လျှောက်ထားခွင့်၏ နှစ်စဉ်ကြေးမှာ ဒေါ်လာ တစ်ထောင်ပေးသွင်း ရမည်ဖြစ်သည်။ ငါးနှစ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးခွင့်ရှိ မည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံသား ဟောင်း တွေအနေနဲ့ ပီအာရ်လျှောက်ချင်တယ်ဆိုရင် ဟိုနိုင်ငံက အခွင့်အရေး တွေမစွန့် လွှတ်ချင်လို့ နိုင်ငံသား ခံယူခွင့်တော့ ဆက်ယူထားလို့ရ တယ်။ ဒါပေမဲ့ နိုင်ငံရေးခိုလှုံခွင့် တော့ စွန့်လွှတ်ရ မယ်။ မစွန့်လွှတ် ဘူးဆိုရင်တော့ပီအာရ်ပေးဖို့ ဆက် လက်စဉ်းစားမှာမဟုတ်ပါဘူး’’ ဟု ၎င်းက ပန်းဆိုးတန်း လမ်း လ၀ကရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူ များ၊ ပညာရှင်များ၊ နိုင်ငံသား ဟောင်းများနှင့် မြန်မာနိုင်ငံသား နှင့်လက်ထပ် ထားသည့်နိုင်ငံခြား သားများ၊ သွေးနှောထားသည့် သားသမီးများသည် ငါးနှစ်သက်တမ်းရှိ အမြဲတမ်း နေ ထိုင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။

အမြဲတမ်း နေထိုင်ခွင့်ကို ယခုလ ၂၉ ရက်မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများနှင့် စည်းကမ်းသတ်မှတ်ချက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၀က်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၅ရက်မှ စတင်ပြီး ၀င်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။

အခြားနိုင်ငံများတွင် ဒုက္ခ သည်အဖြစ် ခံယူထားသူများ၊နိုင်ငံရေး ခိုလှုံခွင့်ရယူထားသူများ၊ ပြစ်မှုမှတ်တမ်းရှိ သူများ၊ ကျန်းမာ ရေးမကောင်းမွန်ဘဲ ကူးစက်ရော ဂါခံရသူများ၊ မြန်မာနိုင်ငံ၏ အ ချုပ်အခြာအာဏာကို မလိုက်နာ သူ၊ အမြဲတမ်းနေထိုင်ခွင့်လျှောက် ထားရာတွင် လူတွေ့စစ်ဆေးမခံ ယူသည့်သူ၊ အခွန်မ ထမ်းဆောင် နိုင်သူနှင့် နေထိုင်ခွင့်ဗီဇာမရှိသူ၊ ပြည်ဝင်ခွင့်သုံးနှစ်အထက်မရှိသူ များကို အမြဲတမ်း နေထိုင် ခွင့် လျှောက်ထားခွင့် မရှိသူများဖြစ် သည်ဟု ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝ ခြင်း၊ အိမ်နီး ချင်းကမ္ဘာ့အင်အား ကြီးဈေးကွက်များနှင့် ဆက်စပ်နေ ခြင်းတို့ကြောင့် ၀ိုင်းဝန်းကြိုးပမ်းပါ က ၁၉၆၀ပြည့်နှစ် ၀န်းကျင်မတိုင် မီ အရှေ့တောင်အာရှတွင် ရပ် တည်ခဲ့သော အဆင့်သို့ ပြန်လည် ရရှိမည်ဖြစ်သဖြင့် ပြည် ပရောက် မြန်မာများ နိုင်ငံတော် တည် ဆောက်ရေး၌ ပါဝင်ကူညီရန် အတွက် ပြန်လာရန်ဖိတ်ခေါ်ခဲ့ခြင်းဖြစ် သည်။

နိုင်ငံရေး ပဋိပက္ခကြောင့် ၁၉၈၈မှစပြီး နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် သွားရောက်နေ ထိုင်ကြသည့်
မြန်မာနိုင်ငံသားအ များအပြား ပြည်ပနိုင်ငံများတွင် ရှိသည်။ ပြည်ပတွင် နိုင်ငံရေးခို လှုံခွင့်နှင့် ဒုက္ခသည်အ
ဖြစ်သွား ရောက်နေထိုင်သူအများစုမှာ မြန် မာအစိုးရ၏ အမည်ပျက်စာရင်း တွင် ပါဝင်သောသူကများ သည်။

သမ္မတ ဦးသိန်းစိန် လက် ထက်တွင် မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့်ပြန်လည်ခွင့်ပြုသော
ကြောင့် မြန်မာနိုင်ငံသို့အလည် အပတ်ဝင်ခွင့် လျှောက်ထားကြ သော်လည်း ဗီဇာ မရရှိသူများနှင့် ရက်မပြည့်မီ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူခံရသူ များလည်းရှိသည်ဟု သတင်းရရှိ သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ၁၉၈၂နိုင်ငံသား ပုဒ်မ ၁၃အရ နှစ်နိုင်ငံသားခံယူ သည့်စနစ်ကို ခွင့်ပြုထားခြင်းမရှိ သောကြောင့် ပြည်ပရောက်မြန် မာနိုင်ငံသားများလာရောက်ပါက ရက်အကန့်အသတ်
ဖြင့်သာ နေ ထိုင်ခွင့်ရှိသည်။

နိုင်ငံခြားသား အမြဲနေထိုင် ခွင့်စနစ်ဥပဒေကြမ်းကို ဒုသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်ပြီး ပြည် ထဲရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင် စုရှေ့နေချုပ်ရုံးတို့ ပူး ပေါင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

အိဖြူမွန် | 7day
ြ- -မြန်မာနိုင်ငံတွင်း အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်ပြီ
ဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ခွင့် မရှိ
  နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ်တွင် နိုင်ငံရေးခိုလှုံထားသူများနှင့် ဒုက္ခသည်အဖြစ် ခံယူထားသူများ လျှောက်ထားခွင့်မရှိဟုဆို (ရုပ်သံ)
PR စိစစ်ခွင့်ပြုမည့်ကာလ ပုံသေ မသတ်မှတ်ထား

No comments:

Post a Comment