Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

ရေသန့်ဘူးပို့ပြီး စိန်လက်စွပ်ခိုးယူသွားသည့် ရေသန့်ပို့အလုပ်သမားအား ဖမ်းဆီးအရေးယူ

ကမာရွတ်မြို့နယ် (၈)ရပ်ကွက် ကွန်ဒိုတိုက်ခန်း ၁၅ လွှာ၌ ဒီဇင်ဘာ ၁၀ ရက်
နံနက်ပိုင်းက စိန်လက်စွပ်တစ်ကွင်း ပျောက်ဆုံးမှုကြောင့် ကမာရွတ်မြို့နယ်ရဲ
စခန်းမှ စုံစမ်းဖော်ထုတ်ရာ အဆိုပါနေအိမ်သို့ရေသန့်ဘူးလာပို့သော အလုပ်
သမားတစ်ဦးအားသက်သေခံစိန်လက်စွပ်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း
ကမာရွတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းကွန်ဒိုနေ မသီတာသန်းသည် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက
နေအိမ်သန့်ရှင်းရေးလုပ်ကိုင်စဉ် စိန်ပွင့် ၄၉ ပွင့် ကာလတန်ဖိုး ကျပ်သိန်း ၈၀
ကျော်လက်စွပ်အား အနီးရှိရေပူရေအေးစက်ပေါ်တင်ထားပြီး ပြန်ဝတ်ဆင်ရန်
မေ့လျော့နေခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်မှ သတိရ၍ ပြန်သွားကြည့်ရာ
မတွေ့တော့ဘဲ ပျောက်ဆုံးသွားသဖြင့် ကမာရွတ် မြို့မရဲစခန်း
သို့ ဖုန်းဆက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစုံစမ်းခဲ့ရာ ဒီဇင်ဘာ
၉ ရက်က အဆိုပါနေအိမ်သို့ အမျိုးသားတစ်ဦး ရေသန့်လာပို့ခဲ့ကြောင်း သိရှိရသဖြင့်
ဆက်လက်စုံစမ်းရာရေသန့်ကုမ္ပဏီမှ ရေသန့်ပို့အလုပ်သမား လှိုင်သာယာမြို့နယ်
နေသူ အောင်ဇော်ဝင်း အသက်(၃၀) ဆိုသူဖြစ်ကြောင်း သိရသဖြင့် ၎င်းအား
လိုက်လံရှာဖွေရာ သမကုန်းထိပ် ၁၂ မှတ်တိုင်အနီးတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ ရေသန့်ဘူးလာပို့စဉ် ရေပူရေအေးစက်ပေါ်၌ စိန်လက်စွပ်
တစ်ကွင်းတွေ့သဖြင့် ခိုးယူလာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံလက်
စွပ်အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့သဖြင့် အောင်ဇော်ဝင်း(ခ) သူရအောင်လွင်အား
ကမာရွတ်မြို့မရဲစခန်းမှ (ပ) ၅၀၇/၂၀၁၄၊ ပုဒ်မ- ၃၈၀ ဖြင့်အမှုဖွင့် ဖမ်းဆီးထားသည်။

No comments:

Post a Comment