Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

"စိတ်မနှံ့သူတို့၏ လက္ခဏာ(၆)ပါး"


(၁) နှစ်ပေါင်း (၅၀) ကျော်ကျော် သမိုင်းတစ်လျှောက် ပြည်သူလူထုအား စစ်ဖိနပ်နှင့် နလန်မထူနိုင်အောင် လည်မြိုတက်နှင်း ဂုတ်သွေးစုပ် ပြည်သူ့ဘဏ္ဍာ ဗြောင်စားကာ သံဃာတော်နှင့် လူထုအပေါင်းအား သတ်ဖြတ်ဗိုလ်ကျ တိုက်ပိတ် ညှင်းစဲနှိပ်စက်ခဲ့သည့် အာဏာရှင် လူသတ်အစိုးရအား အမှတ်မရှိ အကောင်းမြင်နေခြင်း…။
(၂) နှစ်ပေါင်း (၂၀) ကျော်ကြာအောင် သားကွဲ လင်ကွဲ သေကွဲ ရှင်ကွဲကွဲကာ စွန့်လွှတ်အနစ်နာခံ၍ ပြည်သူလူထုအတွက် အားနွဲ့သူ မိန်းမသားဖြစ်သူတစ်ဦး ဖြစ်ပါလျက်နှင့် ကမ္ဘာ့အဆိုးရွားဆုံး စစ်အာဏာရှင်စနစ်ကို နေအိမ်အကျယ်ချုပ်ပင်မက လွတ်လာပြန်တော့လည်း ဇရာနှင့်မလိုက်အောင် တွန်းလှန်နေသူ လွတ်လပ်ရေးဖခင်ကြီး၏သမီး "ဒေါ်အောင်ဆန်းစုကြည်"အား အဆိုးမြင်နေခြင်း…။
(၃) ဘုရားဟောတရားနှင့် လုံးလုံးဆန့်ကျင်သည့် လူသတ်တရား ဟောကြားကာ ဆူပူအုံ့ကြွမှူကို မလောင်လောင်အောင် မီးမွှေးပေးနေသည့် အမုန်းတရား လက်ကိုင်ထား၍ "အောင်သောင်း"လို ဒီပဲယင်း လူသတ်သမား စစ်အာဏာရှင်များမှ ရည်ရွယ်ချက်ရှိရှိ သံဃာသင်းကွဲစေရန် မွေးထုတ်ပေးလိုက်သည့် အဝီစိလားမည့် (မ.ဘ.သ) ဒေဝဒတ်အဖွဲ့အား ကိုးကွယ်ခြင်း…။
(၄) မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ တရားတော်မြတ်များအား လိုက်နာကျင့်ကြံ၍ မေတ္တာတရား ရင်ဝယ်ထား ငြိမ်းချမ်းရေးတရားတော်များ ဟောကြားတော်မူကာ နိဗ္ဗာန်မျက်မှောက်ပြု အမှောင်ခွင်း အလင်းဆောင်နေသည့် ဘုရားသားတော်အစစ် သံဃာတော်များအား မကိုးကွယ်ခြင်း…။
(၅) (၁၅၀၀) ဖုန်းတောင်မချန် ပြည်သူဆီမှ လိုက်လံဘိုင်ကျ မဟားတယား ခိုးဝှက်စားသုံး ထမင်းရှင် ပြည်သူလူထုကို တစ်လျှောက်လုံး ဒုက္ခပေးလာခဲ့သည့် စစ်တပ်၏ အိမ်မွေးခွေး ချီးစားခွေး ခွေးဝဲစား ခွေးတကာ့ထိပ်ခေါင် မျိုးမစစ်ကောင် "ကြံ့ဖွတ်"ခေါ် "ပြည်ထိုင်ခိုး"အား အမှတ်သည်းခြေမရှိ ယုံကြည် သက်ဝင်နေခြင်း…။
(၆) ပြည်သူ့ပိုက်ဆံ တစ်ပြားတစ်ချပ်မှမယူ ပြည်သူ့ ဆင်းရဲမှူဓံ မကြည့်ရက်၍ သမိုင်းတစ်လျှောက် လူထုနှင့်အတူ ထောင်အကျခံ အသတ်ခံ သံဃာတော်မြတ်များနှင်အတူ့ သွေးမြေအကျခံ ထောင်နန်းစံကာ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဖြင့် ကျောင်းသား ပြည်သူ့သွေးခြွေးတို့နှင့် တည်ဆောက်ထားသည့် "NLD" အား အသိတရားချို့နဲ့စွာ ယုံကြည်သက်ဝင်မှူ မရှိခြင်း…။
မှတ်ချက်။ ။ သင်သည် ဤရောဂါဝေဒနာထဲမှ တစ်ခုခုနှင့် ငြိစွန်းနေပါ၏လော…?
Zaw Min Aung
(23.12.2014)

No comments:

Post a Comment