Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

---------------* ဆန်း နှင့် ကြည် *-------------


(၂) ကိုအောင်ဆန်း ပြည်သူ့ဆေးရုံကြီးမှ မခင်ကြည်ကို လက်ထပ်မည်ဟူသော သတင်းမှာ ကျွန်တော်တို့ အသိုင်းအဝိုင်း၌ ပျံ့ နှံ သွားသည်.. ယင်းသို့ ဂျပန်ဝင်စက ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ တစ်ယောက်ပြီးတစ်ယောက် လက်ထပ်သွားကြသည်.. ပထမဦးဆုံး လက်ထပ်သူက ကိုလှအောင်.. သူက ဖျာပုံသူ သန်းသန်းနှင့် လက်ထပ်သည်.. ကျွန်တော်က ထိုင်နေရာမှ မထသည်ကို အတင်းခေါ်ပြီး ကဉ္စနသီချင်းဟု ဆိုလိုက်သည်.. အားလုံး ပျော်ပျော်ပါးပါးမို့ ကျွန်တော် သီချင်းတီးလိုက်သည်...
အပေါင်းအသင်းများမှာ ကသူက.. ဦးဘဂျမ်းက ဖိုးဝရုပ်ကြီးကဲ့သို့ တလှုပ်လှုပ်.. တစ်ယောက်ပြီးတစ်ယောက် လက်ထပ်သွားကြသည်ကို ကျွန်တော်အံ့ဩနေသည်.. သခင်ချစ်.. ကျောင်းဆရာ သခင်ချစ်က သူ့ တပည့်မလေး ခင်သန်းညွန့်နှင့် လက်ထပ်သည်.. သည်လူတွေ ဘယ်လိုလူတွေလဲ.. ကျွန်တော် တွေးမိသည်.. သူတို့ကို ကောင်းစွာ နားမလည်.. ကျွန်တော့်ကိုလည်း တစ်ယောက်ယောက်နှင့် စနေကြသည်.. အဆိုးဆုံးက ဗိုလ်စကြာ.. သူက ကျွန်တော့် စန္ဒရားလက်သံကို သဘောကျနေသည်.. သူ့အိမ်ရှိ ပြင်သစ်ပလေရယ် သုံးချောင်းထောက် စန္ဒရားကြီး ဂရင်းပီယာနိုကို ကျွန်တော်ပဲ တီးရသည်.. သူနှင့်အတူနေသူ ဂျော်ဂျီကိုတင်အောင်က အင်္ဂလိပ် သီချင်းကြီးများကို ကောင်းစွာတီးတတ်သူ.. ဗမာသီချင်းတော့ သူ မတီးတတ်.. ကိုတင်အောင်မှာ ၁၉၃၆ က အိုးဝေမဂ္ဂဇင်း ကော်မတီတွင်ပါသူ.. (နောက်ပိုင်းတွင် ကိုတင်အောင်သည် မခင်ကြည်၏ ညီမ အမာနှင့် လက်ထပ်သွားသည်.. ကျွန်တော်ကတော့ ကိုအောင်ဆန်း လှော်တာဖြစ်မှာပဲဟု တွေးမိသည်.. ဟုတ်- မဟုတ်တော့ မသိ)...
ထိုအခါက ကျွန်တော်သည် ရွှေတောင်ကြားရှိ ဗိုလ်လကျာ်အိမ်မှ စန္ဒရားကို တီးဖြစ်သည်.. ကျွန်တော် တီးနေစဉ် ကိုအောင်ဆန်း ကားနှင့် ရောက်လာသည်.. ထိုအခါက ဗိုလ်လကျာ်အိမ်တွင် ကိုဗဟိန်းနေသည်...
ဗဟိန်း ဘယ်မလဲဗျ ဟု ကျွန်တော့်ကို လှမ်းမေးရင်း စန္ဒရားကိုရပ်ကာ မရှိဘူး ကိုအောင်ဆန်း.. ကိုဗဟိန်း အပြင်သွားတယ်..
လာဗျာ.. ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ.. မဂိုလမ်းမှာ ပလာတာ သွားစားရအောင် ဟု ရပ်ရင်းပြောသည်.. နေပါဦးဗျ.. ဖြည်းဖြည်းပေါ့.. ကျွန်တော်က မဂိုလမ်းမှာ ပလာတာသွားစာမည်ကို သိပ်မကြိုက် သူက ဗိုလ်ချူ ပ် ဖြစ်နေပြီ မဟုတ်လား.. သည်နေရာမျိုးကို သူတစ်ယောက်ထဲ မသွားသင့်ဟု ထင်သည်.. ကျွန်တော်က သိပ်မလိုက်ချင်.. သူ ထိုင်လိုက်ပြီးနောက် ကျွန်တော်တို့ နှစ်ယောက်သား စကားတပြောပြော.. သူက လက်ထပ်မည့်အကြောင်း ကျွန်တော့်ကို ပြောသည်.. "ကျွန်တော် သိနေတဲ့ ကိစ္စပဲ.. အိမ်ထောင်မှုဆိုတာလည်း အနုပညာ ရှိတယ်ဗျ ဟု သူက ကျွန်တော့်ကို အင်္ဂလိပ်လို ပြောလိုက်သည်.. ကျွန်တော်တို့ စကားပြောလိုက်သည်မှာ အတော်ကြာသွားပြီ.. သူလည်း ပလာတာ စားချင်စိတ် ပျောက်သွားပြီလား မသိ.. ကျွန်တော့်ကို မခေါ်တော့...
မကြာမီမှာပင် ပြည်သူ့ဆေးရုံကြီး ဧည့်ခန်းအောက်ထပ်တွင် လက်ထပ်ပွဲ ကျင်းပသည်.. ထိုအခါကတော့ ဗိုလ်ချူ ပ်အောင်ဆန်း လက်ထပ်သည့် သတင်းမှာ ဟိုးဟိုးကျော်သွားသည်....
အရေးတော်ပုံ ရာဇဝင် အမည်ရှိ စာအုပ်ရေးသားရန် ကျွန်တော့်ကို တာဝန်ပေး၍ ယင်းစာအုပ်ကိစ္စနှင့် ပတ်သက်၍ ကျွန်တော် ကိုအောင်ဆန်းထံ သွားသည်.. သူက လက်ထပ်ခါစ အင်းလျားကန်ဘေးရှိ အိမ်တွင်နေသည်.. သခင်တင်ဦးနှင့် ကျွန်တော်တို့ သွားကြသည်.. မခင်ကြည်နှင့် အတူတွဲလျှက် အိမ်ပေါ်မှ ဆင်းလာကြသည်...
ကျွန်တော်တို့သည် ဆင်ဝင်မှနေ၍ အိမ်ထဲသို့ဝင်ပြီး စကားပြောကြသည်.. သူတို့ နှစ်ယောက် ရွှင်ပျနေသည်ကို ကျွန်တော် သတိထားမိသည်.. ကိုအောင်ဆန်းသည် ယခင်ကလို ရှုသိုးသိုး မျက်နှာပေးမျိုး မဟုတ်တော့.. ယခုတော့ ပြုံးစစ ချို မြမြ.. မခင်ကြည်ကိုလည်း ကျွန်တော်က ယခင်က ထင်ထားသည့်အတိုင်း ချောမောသူဟု နားလည်ထားသည်.. သခင်တင်ဦးနှင့် ကျွန်တော်တို့ နှစ်ယောက်သည် ကိုအောင်ဆန်းတို့ လင်မယားအိမ်မှ ပြန်လာကြသည်... (ဆက်ရန်)...
ဒဂုန်တာရာ..

No comments:

Post a Comment