Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

ဗုဒ္ဓဘားအမှုရှေ့နေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရဟုဆို

ရှေ့နေ ဦးမြသွေး
သာသနာ ညှိုနွမ်းစေမှုနဲ့ တရားစွဲ ခံထားရတဲ့ နယူးဇီလန် နိုင်ငံသား Mr Philip ဘက်နေ အမှုလိုက် ပေးနေတဲ့ ရှေ့နေကို ဖေ့စ်ဘုတ် လူမှုကွန်ရက်ကနေ တဆင့် အသက်အန္တရာယ် အတွက် ခြိမ်းခြောက်တာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Mr Philip အတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဦးမြသွေးက တတိယမြောက် ရုံးချိန်မှာ  သူ့အသက်ကို သတ်ပစ်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကနေ ခြိမ်းခြောက်ခဲ့တယ်လို့  မီဒီယာတွေကို ပြောဆိုလိုက်တာပါ။

နယူးဇီလန် နိုင်ငံသား ဖိလစ်ကို ဒီဇင်ဘာ ၂၆ ၇က်နေ့က တယောက်တည်း ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ကျန်တဲ့ V Gastro ဘားဆိုင်ပိုင်ရှင် ထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုလွင်တို့ကို ဇန်န၀ါရီ ၂ ရက်နေ့မှာ စစ်ဆေးဖို့အတွက် ချိန်းဆိုထားပါတယ်။

ဗုဒ္ဓရုပ်ပွားတော် ပုံတော်ကို သုံးပြီး အရက်ဆိုင်အတွက် ကြေညာခဲ့လို့  သူတို့ ၃ ဦးကို သာသနာ ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75109

No comments:

Post a Comment