Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

လားရှိုးမှ လုပ်ငန်းရှင်တစ်ဦးကို တရုတ်လူမျိုးငါးဦ ပြန်ပေးဆွဲသတ်ဖြတ်မှု စစ်ဆေးနေ

အောင်သစ်လွင်

တရုတ်လူမျိုးငါးဦးက လားရှိုးမြို့မှ လုပ်ငန်းရှင်တစ်ဦးကို ပြန်ပေးဆွဲကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမှုကို နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

သတ်ဖြတ်ခံရသူမှာ လားရှိုး မြို့မှ ဦးမျိုးမြင့်ဆိုသူဖြစ်ပြီး ဒီဇင် ဘာ ၁၂ရက်တွင်ပျောက်ဆုံးသွား ခြင်းဖြစ်သည်။နှစ်ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် ၎င်း၏ အလောင်းသယ်ဆောင်လာသည့် ကား တစ်စီးကို တရုတ်လူမျိုးငါးဦးနှင့် အတူ တရုတ်နိုင်ငံ ၀မ်တိန်မြို့ တွင် ရွှေလီမှုခင်းရဲတပ်ဖွဲ့က စစ် ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ အမည်မဖော်လို သည့် ပြည်နယ်အဆင့်ရဲအရာရှိ တစ်ဦးကပြောသည်။


‘‘ဒီဘက်မှာတော့ လူပျောက် အမှုဖွင့်ထားတာပေါ့။ တရုတ်နိုင် ငံရဲကတော့ သူတို့ဒေသထဲမှာ တွေ့လို့ အဓိကစစ်နေတာပေါ့။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လုပ်သွားမယ်’’ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

တရုတ်နိုင်ငံရဲတပ်ဖွဲ့ကသေ ဆုံးသူ၏ အလောင်းကို နယ်စပ် မြို့ဖြစ်သည့် မူဆယ်မြို့ရဲတပ်ဖွဲ့ သို့ ဒီဇင်ဘာ ၁၅ရက်တွင် လွှဲပေး ခဲ့ပြီးမိသားစုဝင်များက မူဆယ်မြို့ သုသာန်တွင် မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အတွင်းသတင်းတွေအရ  သိတာတော့ သူဌေးရဲ့ညီက တရုတ်တွေကို ယွမ်ငွေသိန်းချီပေး ဖို့ရှိတယ်ပေါ့။ အဲဒါမပေးနိုင်လို့ အစ်ကို့ကို ပြန်ပေးဆွဲပြီး လက် လွန်သွားတာလို့ သိရတယ်’’ဟု လားရှိုးမြို့ဒေသခံတစ်ဦးကပြောသည်။

လားရှိုးမြို့ပေါ်အသိုင်းအ ၀ိုင်းတွင် ယင်းသတင်းကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေပြီး ဒေသတွင်းလုံခြုံ မှုအတွက်လည်း စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများကပြော သည်။‘‘လားရှိုးကနေ တရုတ်အထိ ဖမ်းခေါ်သွားတာကို မစစ်ဆေးနိုင် တာကတော့ အံ့သြတယ်။ အရင် တုန်းက စစ်ဆေးရေးဂိတ်တွေကို ဖြုတ်ပစ်လိုက်တော့ ၀င်ချင်သလို ၀င်၊ ထွက်ချင်သလိုထွက်ဖြစ်နေတာ။ ဒီအမှုက အရမ်းဖြစ်ကတတ်ဆန်းနိုင်လွန်းအားကြီးတယ်’’ဟု လားရှိုးမြို့ဒေသခံကိုနိုင်ဝင်းက ပြောသည်။

လားရှိုးမြို့နှင့် မူဆယ်မြို့ ကြား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် သိန်းနီနှင့် ကွမ်း လုံမြို့ကို ဖြတ်ရပြီး စစ်ဆေးရေး  ဂိတ်မှာ မူဆယ် ၁၀၅မိုင် ကုန် သွယ်ရေးဂိတ်တစ်ခုသာ ရှိနေ သည်။ ယခင်က သိန်းနီမြို့တွင် ရေပူစစ်ဆေးရေးဂိတ်ရှိပြီး ၂၀၁၁ တွင်အစိုးရက ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
7Day Daily
http://7daydaily.com/story/27109#.VI-K_3uIVdd

No comments:

Post a Comment