Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 25, 2014

ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားကို သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုကျင်းပ

မိုးကြိုးပြင်- လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခအတွင်း သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်၌ မိုးကြိုပြင်ရွာ သုသာန် တွင်ပြုလုပ်ခဲ့သည်။ ဒေါ်ခင်ဝင်း၏ နာရေးသို့ သံဃာတော်များဦးဆောင်၍ ဒေသခံပြည်သူရာပေါင်းများစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများကလည်း လက်ပံတောင်းတောင်ကယ်တင်ရေး အထိမ်းအမှတ်အလံလွှင့်ထူထားသော နွားလှည်းများဖြင့် ဒေါ်ခင်ဝင်းဈာပနသို့ လာရောက်ခဲ့ကြသည်။ ဒေါ်ခင်ဝင်း၏ အလောင်းကို ဂူမသွင်းမီ အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ လက်ပံ တောင်းတောင် ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီက အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းအသီးသီးတို့ ၏ လွမ်းသူ့ပန်းခွေချခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို ‘‘မြေယာစနစ်ဆိုးကို အသက်စွန့်တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းဒေါ်ခင်ဝင်း အသက် (၅၆)နှစ်’’ဟု ရေးထိုးထားသော အုတ်ဂူအတွင်း ထည့်သွင်းသင်္ဂြိုဟ်ခဲ့သည်။
http://7daydaily.com/story/27838#.VJxPev8JAA

No comments:

Post a Comment