နေပြည်တော်၊ ဒီဇင်ဘာ ၂၄
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန် ရှမ်းပြည်နယ်၊
နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ ဖွားသီတောင် တောင်ယာတဲနေ
ဦးလှရှိန်(၅၄)နှစ်နှင့် နောင်ချိုမြို့၊ နယ်မြေ(၈)၊ တောင်ရပ်ကွက်နေ
ဦးမောင်နှင်း(၅ဝ)နှစ်တို့ ၂ ဦးသည် အရက်အတူသောက်ပြီး စကားများရန်ဖြစ်စဉ်
ဦးလှရှိန်မှ ပေါက်ပြားဖြင့်ခုတ်၍ ဦးမောင်နှင်းတွင်
ဦးခေါင်းယာချိုစောင်းပြတ်ရှ၊ ဝဲချိုစောင်းပေါက်ပြဲ
ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးရန်
ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးမှတိုင်တန်းခဲ့ရာ ဦးလှရှိန်အား
နောင်ချိုမြို့မရဲစခန်း (ပ)၁၃၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်
အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါအမှုမှ ဒဏ်ရာရရှိသူ ဦးမောင်နှင်းမှာ နောင်ချိုပြည်သူ့ဆေးရုံတွင်
ဆေးဝါးကုသမှုခံယူနေစဉ် ၂၃-၁၂-၂ဝ၁၄ ရက်နေ့ ဝဝ၂ဝ အချိန် သေဆုံးသွားသောကြောင့်
ပြစ်မှုပုဒ်မ ၃၂၆ မှ ၃ဝ၂ သို့ ပြောင်းလဲစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 24, 2014
အရက်အတူသောက်ပြီး စကားများ ရန်ဖြစ်ရာက ပေါက်ပြားဖြင့် ခုတ်၍သေဆုံး
အရက်အတူသောက်ပြီး စကားများ ရန်ဖြစ်ရာက ပေါက်ပြားဖြင့် ခုတ်၍သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 24, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment