Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

ပြည်တွင်း ကုမ္ပဏီ ၆၀ ကျော် ပွင့်လင်းမြင်သာမှုအပေါ် အမှတ်ပေးထားသည့်စာရင်း ထွက်လာ


Byအောင်သူရ

ပြည်တွင်းရှိ ကုမ္ပဏီ ၆၀ ကျော်အား ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ အမှတ်ပေးရာတွင် ကမ္ဘောဇဘဏ်က အဆင့်(၁)ရရှိ ပြီး ပါရမီကုမ္ပဏီက အဆင့်(၂) နှင့် Max Myanmar ကုမ္ပဏီကအဆင့်(၃) ရရှိခဲ့ကြသည်။

 နိုင်ငံတကာ အကူအညီ ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့စီး ပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) က ၂၀၁၄ ဇူလိုင်တွင် ထုတ်ပြန် သော ပွင့်သစ်စစီမံချက် ပထမ အကြိမ် အစီရင်ခံစာတွင် အထက် ပါအတိုင်း ဖော်ပြထားခြင်းဖြစ် သည်။

အပြည်ပြည်ဆိုင်ရာ ပွင့် လင်းမြင်သာမှုအဖွဲ့ (IT) ၏ လုပ် ဆောင်ချက်များအား အတုယူ၍ အဆိုပါအဖွဲ့အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ အစည်းဆိုင်ရာ ပွင့်လင်းမြင်သာ မှုနှင့် လူ့အခွင့်အရေး၊ ကျန်းမာရေး၊လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်တို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများ၏  အင်တာနက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသော အချက်များအပေါ် အမှတ်ပေးခြင်း ဖြစ်သည်။

ကုမ္ပဏီ၏ စီးပွားရေးလုပ် ငန်း၊ ကုန်စည်ဝန်ဆောင်မှုပတ် လမ်းနှင့် ပုဂ္ဂလိက ကဏ္ဍများတွင် အဂတိလိုက်စားမှုကို တိုက်ဖျက် ရန် ကုမ္ပဏီက မည်သို့ လုပ် ဆောင်သည်ကို အဂတိလိုက်စား မှု တိုက်ဖျက်ရေးထုတ်ပြန်ခြင်းဖြင့်ပြသသည်ဟု အဆိုပါ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

စုစုပေါင်းရမှတ်ကို အမြင့် ဆုံးညွှန်းကိန်း ၁၀ ထားသည့်အ နက် မည်သည့်ကုမ္ပဏီမျှ ၆ ဒသမ ၆၃ ကျော်အောင် မရရှိကြဘဲ အ မြင့်ဆုံးအဖြစ် ၅ ဒသမ ၈ မှ ၆ မှတ်သာ ရရှိကြသည်။

ပွင့်လင်းမြင်သာမှုနှင့် ပတ် သက်၍ ပထမဆုံးအကြိမ် ပြုလုပ် သည့် မြန်မာ့စီးပွားရေးကဏ္ဍ တာ ၀န်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) အဖွဲ့သည် ဗြိတိန်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံများမှ လူ့အခွင့်အရေး အဖွဲ့များနှင့် ပူး ပေါင်းဆောင်ရွက်နေပြီး ဗြိတိန်၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် အိုင်ယာလန် နိုင်ငံများမှ အကူအညီများဖြင့် ဆောင်ရွက်နေသော အဖွဲ့ ဖြစ် သည်။
7Day Daily

No comments:

Post a Comment