Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

ရေ တစ်နေ့သုံးလီတာသောက်တဲ့ အမျိုးသမီးရဲ့ပြောင်းလဲမှု

တစ်နေ့သုံးလီတာသောက်လို့ ပြောင်းလဲသွားတဲ့ အမျိုးသမီးရဲ့အကြောင်းကို Mirror က ဖော်ပြလာပါတယ်။သူမဟာ ဗြိတိန်က ဆာရာစမစ်ဆိုတဲ့ ကလေးနှစ်ယောက်အမေ ဖြစ်ပါတယ်။

ဝမ်းမကောင်းတာတွေ၊ ခေါင်းကိုက်တာတွေကြောင့် ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဒီလိုသောက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။Daily Mail မှာ ဆာရာရဲ့ရေးသားချက်အရ ဒီလိုမသောက်ခင်တုန်းက သူမရဲ့မျက်လုံးတစ်ဝိုက်မှာ ညိုမဲနေတာတွေ၊ အရေပြားတွန့်နေတာတွေနဲ့ အကွက်တွေရှိတယ်လို့ ဆိုပါတယ်။

“ရေလုံလုံလောက်လောက်မသောက်ရင် စနစ်တွေက ပျက်ဆီးလာတယ်။ ဒါနဲ့ ကျွန်မလည်း တစ်နေ့သုံးလီတာလောက် သောက်ကြည့်ချင်တာနဲ့ ၂၈ ရက်လောက်သောက်ကြည့်တာ။ ရလဒ်က အံ့အားသင့်စရာပါပဲ” လို့ သူမက ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ သူမကို ဘယ်သူမှ မယုံကြဘူးလို့ဆိုပါတယ်။

“တစ်နေ့ ရေ ၈ ခွက်လောက်သောက်ရင် အသားအရေ ချောမွတ်မှု(texture နဲ့ tone) ကို တိုးတက်စေတယ်ဆိုတာ ယုံကြည်လောက်တဲ့ အချက်အလက်တွေ မရှိပါဘူး”လို့ အရေပြားဆရာဝန် ဇိုင်ခနာက Cosmo US ကို ပြောကြားခဲ့ပါတယ်။

ဒီလိုရလဒ်ဖြစ်လာတာ တကယ်တော့ အသားအရေကြည်လာခြင်း (Lighting ကောင်းလာခြင်း)ကြောင့်သာ ဖြစ်တယ်လို့ သူက ထင်မြင်ချက် ပေးခဲ့ပါတယ်။
www.myanmarlatestnews.com
phothutaw

No comments:

Post a Comment