Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 21, 2014

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသုံးဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ

အမြန်လမ်းပေါ်တွင် ဒီဇင်ဘာ ၁၉ ရက် နံနက်က ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး လူသုံးဦး သေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း နေပြည်တော်အမြန်လမ်းရဲတပ် ဖွဲ့မှသတင်းရရှိသည်။
ဒီဇင်ဘာ ၁၉ ရက် နံနက်ကအမြန်လမ်းမိုင်တိုင် (၃၈တွင် လွိုင်ကော်မှ ရန်ကုန်သို့ ပြေးဆွဲသည့်ခရီးသည်တင်ယာဉ်တစ်စီးကို လူ၁၀ ဦး လိုက်ပါလာသည့် လိုက်ထရပ်ယာဉ်က နောက်မှ ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယာဉ် အမြန်လမ်းရဲတပ်ဖွဲ့ရဲမှူးကြီး နေ၀င်းကပြောသည်။
‘‘လိုက်ထရပ်က အမြန်လမ်း ဘေးမြေနီလမ်းကနေ နောက်က ကျော်တက်တာ။ သူက မှားတဲ့ အတွက် လိုက်ထရပ်ယာဉ်မောင်း ကိုပဲ အရေးယူထားတယ်’’ဟု ရဲမှူးကြီး နေ၀င်းကပြောသည်။
အဆိုပါ ယာဉ်တိုက်မှု ကြောင့်လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။ ခရီးသည်တင်ယာဉ်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးဝင်းကပြောသည်။
အမြန်လမ်းပေါ် ယာဉ်တိုက် မှုစစ်တမ်းများအရ လိုက်ထရပ် ယာဉ်မှောက်မှုကြောင့် လူသေဆုံး မှုအများဆုံးဖြစ်နေပြီး အဆိုပါ ကားများအမြန်လမ်းပေါ် အသုံး ပြုခွင့်ပေးထားသည့်အပေါ် ပြန် လည်သုံးသပ်ရန် နိုင်ငံတော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့နှင့် အမြန် လမ်းအင်ဂျင်နီယာဌာနမှ သတင်း ရရှိသည်။
7Day Daily

No comments:

Post a Comment