Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 25, 2014

.......မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်.........


မင်းအုပ်စိုး ဆိုတဲ့ မင်းသားတစ်လက်နဲ့
ကျမခင်မင်ခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ
(ကျမ အကျင့်က ခင်တဲ့သူတိုင်းကို တစ်ဘက်ကသာ
ဗွေ မဖောက်ခဲ့ရင် သေတပန် သက်တစ်ဆုံး
ခင်မင်စွာ ပေါင်းဖော်တတ်ပါတယ်) ဒါပေမဲ့....သူနဲ့ကျမ
ရိုက်ကွင်း ပေါ်လောက်သာ တွေ့ဆုံ ခင်မင်ဖြစ်ခဲ့ပါတယ်။
ကိုမင်းအုပ်စိုးရဲ့ သမီးကြီးရှင်တန်ခူးမေ ရဲ့
တစ်နှစ်ပြည့်မွေးနေ့ ကစပြီး
နောက်ပိုင်း သိပ်မတွေ့ဖြစ်ခဲ့ပြန်ပါဘူး..
အဲဒီအချိန်မှာ ကတည်းက ယောနုလို့ ချစ်စနိုးခေါ်တဲ့
အယ်ဒီတာတေးနုယဉ်နဲ့တော့ ရင်းနှီးခဲ့ပါတယ်..
ကြားထဲမှာ ကိုမင်းအုပ်စိုးနဲ့ရော ယောနုနဲ့ ပါ
မဆုံဖြစ်ခဲ့ပေမယ့် (လွန်ခဲ့တဲ့ သုံးနှစ်လောက်) ကျမရဲ့ အိုအေစစ်ဂျာနယ်
စအလုပ်မှာတော့ မိတ်ဟောင်း ဆွေဟောင်း တွေအတော်များများနဲ့
ပြန်ဆုံဖြစ်ခဲ့ပါတယ် (အိုအေစစ်ကို ၀ိုင်းကြ၀န်းကြတာပဲ ဖြစ်ပါတယ်)
ဘဘ ဘိုကလေးတင့်အောင် ကိုမင်းအုပ်စိုး ခြံကိုရောက်တိုင်းလည်း
ကျမ ပါခြံထဲ ရောက်ဖြစ်ခဲ့ကြပါတယ် ...ဘဘကသီချင်းဆို
မြန်မာပြည်ကျောက်စိမ်းကတီး ကျန်တဲ့ စာရေးဆရာ ဆရာမတွေ
ရုပ်ရှင်ဇာတ်ညွန်းဘက်က လူတွေက နားထောင်ကြ ပျော်ကြ နဲ့ပေါ့
ကျမကတော့ သတင်းယူရင်း ပျော်ရင်းပေါ့
အဲဒီ အခါမျိုးမှာလည်း ယောနုလေး ရှိနေတတ်ပါတယ်.
.ကိုမင်းအုပ်စိုးက သူ့ရဲ့ဖိုးစိန်လမ်းက ခြံကြီးထဲမှာ
သူ့လုပ်ငန်းတွေဖြစ်တဲ့ သရပါ မဂဇင်းတိုက်ရယ်
သရ၀ဏ် ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးရယ်
ပန်းချီကားတွေ လက်မှု ပစ္စည်းတွေရယ် ပြထားတဲ့
ဂယ်လရီရယ် ထားရှိထားပါတယ်...ဂယ်လရီ အတွက်သီးသန့်
ဝန်ထမ်းမထားဘဲ သူကိုယ်တိုင်ပဲ ထိုင်လေ့ရှိပါတယ်..
ကျန်တဲ့လုပ်ငန်း နှစ်ခု အတွက်ကိုတော့ ၀န်ထမ်း ကောင်မလေးတွေ
အနည်းဆုံး ခြောက်ယောက်ထက်မက ရှိတတ်ပါတယ်..
အဲဒီ ကလေးတွေက မဂဇင်းဖောင် ပိတ်ချိန်ဆို စုပြီး ခြံထဲမှာ
လေးငါးခြောက်ရက် အိပ်တတ်ကြပါတယ်..အဲဒီလိုပဲ
ဇာတ်ကားဖြန့်ချိန်လို အချိန်မျိုးမှာလည်း ..မဂဇင်းဘက်က
ကလေးတွေနဲ့ ထုတ်လုပ်ရေးဘက်က ကလေးတွေ စုပြီးအိပ်ကြပြန်ပါတယ်..
အနည်းဆုံး မိန်းကလေး ငါးယောက်လောက် အမာခံ စုအိပ်ဖြစ်နေလို့
ရဲငါးဖော်လို့တောင် သူတို့ငါးယောက်ကို နာမည်မှည့်ထား ကြပါသေးတယ်..
သူတို့ ငါးယောက်အတွက် အခန်းတစ်ခန်းရှိပါတယ်..ကုတင်ကြီးတစ်လုံးနဲ့ပါတဲ့
အဲဒီ အခန်းထဲ ကျမ မ၀င်ဖူးပေမယ့် သူတို့ ပြောစကားအရ သိတာပါ..
ငါးယောက် မနည်းဆန့်အောင် အိပ်ရတာတို့ ဘာတို့ပေါ့...
ဒါက သူတို့ ရုံးရဲ့ နေထိုင်ပုံ စရိုက် ကလေးတွေကို ပြောပြတာပါ..
သူတို့ အိပ်တဲ့ ညတွေဆို ချက်ကြ ပြုတ်ကြ စားကြသောက်ကြနဲ့
အရမ်းပျော်ဖို့ ကောင်းတယ်ဆို ပြီး ကျမကိုတောင် ခေါ်တတ်ကြပါသေးတယ်
တစိမ်းအိမ် မအိပ်တတ်တဲ့ ကျမ သူတို့နားလည်အောင် ပြောပြီး
သူတို့နဲ့ ညဥ့်နက်တဲ့ အထိ လည်းနေပေးခဲ့ဖူးပါတယ် (ကျမ ခင်ပွန်းတောင် မကွယ်လွန်သေးပါဘူး) ကျမ ခင်ပွန်း မရှိတော့တဲ့ နောက်ပိုင်း ကျမှ
သူတို့နဲ့ ညဥ့်နက်အထိ မနေဖြစ်တော့တာပါ..
ကိုမင်းအုပ်စိုးက အဲဒီကောင်မလေးတွေ အပေါ် ဆွေမျိုးအရင်းလို
ဆက်ဆံတတ်တာ ကိုတော့ ကျမတွေ့မြင်နေရပါတယ်..
တစ်ခါ ကျမက "အကို့တပည့်တွေလို့" ကောင်မလေးတွေ အပေါ်
သုံးနှုန်းလိုက်တုန်းက သူကပြောပါတယ်...
ငါ သူတို့ကို တပည့်လို့ မသတ်မှတ်ဘူး..ညီမတွေလို့ သတ်မှတ်ထားတယ်
အကို့ ညီမတွေလို့ပြောပါလို့ သူ ကျမကို မှတ်မှတ်ရရ ပြောခဲ့ဖူးပါတယ်..
ပြီးတော့ အဲဒီထဲမှာမှ သက်တမ်း အရှည်ဆုံးဖြစ်တဲ့ ယောနုကို
အဆူဆုံးနဲ့ အချစ်ဆုံးဖြစ်တာလည်း တွေ့ရပါတယ်...ယောနု ကလည်း
ကိုမင်းအုပ်စိုး အပေါ် အရမ်း အနစ်နာခံပြီး တကယ့်ကို ကောင်းမွန်တဲ့
တော်တဲ့ ကလေးတစ်ယောက်ပါ..ကိုမင်းအုပ်စိုးကိုသာ မက သူ့မိသားစုကိုပါ အလွန်ကိုချစ်ရှာပါတယ်..အဲဒီလို သံယောဇဉ်လည်းရှိ
ပျော်စရာလည်းကောင်း အရာအားလုံး ပြည့်စုံနေတဲ့ ဥစ္စာ ဘာလို့
ခုလို ဖြစ်ရသလဲဆိုရင်တော့ ဒေါသကြောင့်လို့ပဲ ပြောရမှာပါပဲ
နောက်တစ်ခု ကိုမင်းအုပ်စိုးရဲ့ အားနည်းချက်က ဒေါသကြီးတယ်
ဒေါသထွက်ရင် ဘာမှမမြင်တော့ဘူး..ပြီးတော့ တစ်ဘက်လူရှင်းပြချက်ကို
နားမထောင်ဘူး..ကိုယ့်လက်အောက်ငယ်သား ကပြန်ပြောရင် လုံးဝမကြိုက်ဘူး
ပြီးတော့ လတ်တလော ခံစားချက်ကို ရှေ့တန်းတင်တယ်...ဒီအချက်တွေကပဲ
သူကို ခဏခဏ ပြသာနာဖြစ်စေခဲ့တာပါ...ကျမ လူတတ်ကြီးလုပ်ပြီးပြောတာ
မဟုတ်ပါဘူး...အခု ပြသာနာ အရင်းကို ကျမ မသိသေးပေမယ့်
ဒေါသကြောင့် သူချစ်တဲ့၊ သူ့ကိုချစ်တဲ့ အညွန့် တလူလူနဲ့ လူငယ်လေးတစ်ယောက်
ဆုံးရှုံးသွားခဲ့ပါပြီ..လက်လွန်သွားပြီလို့ သူသိလိုက်ရတဲ့ အချိန်မှာ
သူအရမ်းနောင်တရ ၀မ်းနည်းကြေကွဲ နေပေမယ့် ဘယ်လိုမှ ပြင်လို့ မရတော့ပါဘူး ..
နောက်တစ်ခုက ဆင်ကျီစားတာ ဆိတ်မခံသာ ဆိုတဲ့ စကားပုံ အတိုင်းပါပဲ..
ငါဘယ်လောက်မှ လုပ်လိုက်တာ မဟုတ်ဘူးလို့ သူချင် ဆိုပေမယ့်
ခံရတဲ့သူက မချိမဆန့်ပါပဲ...ပိန်ပိန်သေးသေး မိန်းကလေး တစ်ယောက်ကို
ဘယ်နှချက်မှ ပြင်းပြင်းထန်ထန် ထိုးကြိတ်စရာ မလိုပါဘူး..ယောက်ျားအားနဲ့ တစ်ချက်တည်းနဲ့တောင် ပွဲချင်းပြီးသွားနိုင်တယ် ဆိုတာ..
သူသိဖို့ သတိကပ်ဖို့ကောင်းပါတယ်...သူ့ကို ပြန်ပြောလို့ ဆိုတဲ့ အကြောင်းပြချက်
ဒေါသကတော့ ဒီလူနဲ့ဒီလူ မထားသင့်တဲ့ အရာပါ..လွန်ခဲ့ပါပြီ ....ရဲစခန်းမှာ
"ငါ မထင်ဘူးဟာ..ယောနု တကယ်မရှိတော့ဘူးလား" ဆိုတဲ့ သူ့အမေးကို
ကျမ ဖြေဖို့စကား မရှိခဲ့ပါဘူး...ရန်သူလည်းမဟုတ် ..မုန်းနေကြသူတွေလည်းမဟုတ်
ဘာအငြိုး အတေး ဘာအာဃာတ မှမရှိဘဲ ခုလိုဖြစ်တာ..၀ဋ်ကြွေးတွေလို့ ဆိုနိုင်ပေမယ့်
အဲဒီ ကံကြမ္မာကို ပုံမချ ချင်ပါဘူး..ဘယ်သူမပြု မိမိမှုပါပဲ...နောက်လူတွေ ဆင်ခြင်နိုင်စေဖို့
ကျမ အမုန်းခံ ပြီးအဖြစ်မှန်ကို ရေးသားလိုက်ရတာပါ...အဓိက က ကွယ်လွန်သွားပြီဖြစ်တဲ့
ယောနု အပေါ် အဖြစ်မှန် မမြင်ဘဲ မဟုတ်တာတွေ ထင်မြင်တွေးတော ကုန်ကြမှာစိုးလို့ ပါ..
သူဒီလောကမှာ မရှိတော့ပါဘူး..သူအေးအေးချမ်းချမ်းလေးသွားပါစေတော့...
နာမည်ကိုတော့ ထပ်မသတ်ကြပါနဲ့လို့...ချစ်တဲ့ယောနု ကောင်းမွန်ရာရောက်ရှိပါစေ..
July Moe
https://www.facebook.com/julymoe.acc/posts/401672546654911

No comments:

Post a Comment