Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

နော်မေသူသူဇော် သေဆုံးမှုအပေါ် အင်းစိန်တရားရုံး ဆုံးဖြတ်ချက်ကို ဆန္ဒပြ

ဆေးဝါးကျွမ်းကျင်ကျောင်းသူ နော်မေသူသူဇော်တစ်ယောက် ၂ဝ၁၃ ဧပြီ ၁၉မှ ပျောက်ဆုံးပြီး နောက်တစ်
နေ့အင်းစိန်ရွာမအနောက်ဖက်က လှိုင်မြစ်ထဲမှာအလောင်းပြန်ပေါ်လာပြီး သတ်ခံရတဲ့ကိစ္စ အင်းစိန်တရား ရုံးက ရေနစ်သေဆုံးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အမှုပိတ်သိမ်းခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို လက်မ ခံတဲ့ မိသားစုတွေက ဒီဇင်ဘာ ၁၄ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။

အင်းစိန်ရဲစခန်းက သေဆုံးသူရဲ့ပျောက်ဆုံးနေတဲ့ လက်ကိုင်ဖုန်း ပြန်မတွေ့ခင် ဒီဖုန်းကိုကိုင်တွယ်သုံးစွဲနေ တဲ့ သူနောက်ကို လိုက်လံစုံစမ်းတာလည်းမရှိ၊ သေဆုံးသူရဲ့ချစ်သူ ကိုရဲမင်းဦးနေအိမ်ရာ အိမ်ပတ်ဝန်းကျင် မှာ အလောင်းတွေ့ခဲ့တာကို သူတို့မိသားစုက ငြင်းဆိုနေတယ်လို့ နော်မေသူသူဇော်ရဲ့ ဦးလေး စောအေး မင်းက ပြောပါတယ်။ ရဲမင်းဦးအနေနဲ့ ဒီဖြစ်ရပ်မှာ တနည်းနည်းနဲ့ ပါဝင်ပတ်သက်နေမယ်လို့ ယူဆပြီး ကျိုက္ကဆံဟစ်တိုင်ကွင်းမှာ ဆန္ဒပြခဲ့ပါတယ်။

တရားရုံး စစ်ဆေးစဉ်က မညီမျှတဲ့ သက်သေတွေ ဆင့်ခေါ်မှုမှာလည်း မညီမျှသလို စီရင်ချက်ချတဲ့နေ့မှာ လည်း တရားလိုမိသားစုကို တရားရုံးက အကြောင်းမကြားဘဲ စီရင်ခဲ့တဲ့အကြောင်း၊ သေကြောင်းကြံတယ် လို့ ဆုံးဖြတ်ခဲ့တာကို မကျေနပ်လို့ အစိုးရဆီ အသနာခံစာတင်ထားတယ်လို့ ဆိုပါတယ်။ တူမဖြစ်သူ ကွယ် လွန်တာ ၂နှစ်မပြည့်ခင် ခရစ်ယာန်ဘာသာထုံးစံအရ ဆုတောင်းသွားမယ်လို့ ပြောပါတယ်။

သမီးဖြစ်သူ သေဆုံးတာဟာ ရိုးရိုးတန်းတန်း ရေနစ်သေဆုံးတာ မဟုတ်သလို သေကြောင်းကြံစည်တာမျိုး လည်း မဟုတ်တာကြောင့် သမီး နော်မေသူသူဇော်ကို ဘယ်သူသတ်သလဲဆိုတဲ့ အမှုမှန်ကို သိချင်လို့ တောင်းဆိုနေတာပါလို့ မိခင် နော်မယ်အေးက ရှင်းပြပါတယ်။

သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိခိုက်ဒဏ်ရာတွေအများအပြား ထင်ထင်ရှားရှား တွေ့ခဲ့ရသလို ချစ်သူ ရည်းစားချင်း အပြန်အလှန်ပေးစာတွေအရ လိင်ဆက်ဆံဖူးတာ သိသာပေမယ့် မှုခင်းဆရာဝန်က ဒဏ်ရာ
တွေ ကို လျစ်လျူရှုပြီး အဆုတ်ထဲရေဝင်လို့ သေဆုံးခဲ့တဲ့အပြင် အပျိုရည်မပျက်သေးဘူးလို့ မှတ်ချက်ပေး ခဲ့တဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

kamayutmedia


No comments:

Post a Comment