Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 13, 2014

စိတ်ဖိစီးမှုရှိကြောင်း ဖော်ပြတဲ့လက္ခဏာငါးရပ်


သူသူကိုယ်ကိုယ်လူသားအားလုံးတိုင်း အနည်းနဲ့အများဆိုသလိုစိတ်ဖိစီးမှုကိုယ်စီရှိတတ်ကြပါတယ်။ နောက်ဆုံးလေ့လာစမ်းသပ်မှုများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၂ နိုင်ငံရှိ အမျိုးသမီးဦးရေ ၁၅ဝဝဝဝ ထက်မနည်း အကြောင်း အမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေခံစားနေကြရပြီး ၄င်းအမျိုးသမီးများဟာ ကိုယ်လက်လှုပ်ရှား အားကစား ကျန်းမာရေး အသိလည်း လွန်စွာညံ့ဖျင်းကြတယ်လို့ Northwestern University Feinberg School of Medicine မှ ပရော်ဖက်ဆာ Nancy Molitor ကဆိုပါတယ်။ မည်သို့ပင်ဆိုစေကာမူအမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူသား အားလုံးတိုင်း အိပ်ရေးဝဝအိပ်စက် ခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်မျှ တစွာ စားသောက်နေထိုင်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊အရာရာ ကို အကောင်းမြင်စိတ်ဖြင့် ကြည့်ရှု ခြင်း၊ မိမိစိတ်ကိုထိန်းချုပ်နိုင်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန် ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကိုအထိုက်အလျောက်ဖြေလျှော့နိုင်ပါတယ်။ အကယ်၍ စိတ်ဖိစီးမှုတွေလျှော့မချနိုင်ခဲ့ရင်တော့ ရေရှည်မှာအဝ လွန်ရောဂါ၊စိတ်ရောဂါနှင့် နှလုံးရောဂါတွေဖြစ်လာဖို့ရာခိုင်နှုန်းပြည့်သေချာနေပါပြီ။ (တချို့ဆိုမိမိကိုယ် ကိုအဆုံးစီရင် တဲ့အထိပြုကြပါတယ်) တစ်ခါတစ်ရံမှာမိမိကိုယ်ကိုတောင် စိတ်ဖိစီးခံစားနေရကြောင်း သတိမထားမိကြပါဘူး။ အောက်ဖော် ပြပါလက္ခဏာများကစိတ်ဖိစီးခြင်း နှင့်ဆက်စပ်နေတာကြောင့် ရောဂါ မပြင်းထန်မီကြိုတင်ဆင်ခြင်နိုင်ကြ ပါစေကြောင်း အကြံပြုလိုက်ရပါ တယ်။ ဗိုက်အောင့်ခြင်း ဦးနှောက်အာရုံခံ အင်္ဂါအဖွဲ့ အစည်းတွေက အူသိမ်အူမတွေနှင့် ဆက်နွှယ်နေတာမို့ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အစာခြေလမ်း ကြောင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေ မှာ အစာမကြေ၊ဝမ်းချုပ်၊ပျို့အန်၊ ဗိုက်အောင့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဝေဒနာခံစားရတဲ့အခါ မှာ ရေများများသောက်ရင်း အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ (အချို့သူ တွေမှာတော့စိတ်ဖိစီးမှုများတဲ့အခါ ဝမ်းသွားတတ်ပါတယ်)'ဗိုက်အောင့် တယ်' လို့ လာပြတဲ့လူနာအများစု ကိုစစ်ဆေးကြည့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူတွေအဖြစ်များ ကြကြောင်း Baylor College of Medicine ဆေးဝါးတက္ကသိုလ်မှ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပါရဂူဖြစ်သူ Bincy Abraham က ဆိုပါတယ်။ ဆံပင်ကျွတ်ခြင်း ဥပမာရုတ်တရက်အလုပ်လက်မဲ့ ဖြစ်သွားသူများ၊ချစ်သူ(သို့မဟုတ်) အိမ်ထောင်ဖက်နှင့်လမ်းခွဲသူများ မှာစိတ်ဖိစီးမှု ဝေဒနာ ပြင်းပြစွာခံစား ရလေ့ရှိတာကြောင့် ထိုကိစ္စကြုံ တွေ့ပြီးသုံးလမှခြောက်လထိတိုင် အောင် ဆံပင်တွေ သိသိသာသာ ကျွတ်တတ်ပါတယ်။ တချို့ဆိုစိတ် ဖိစီးမှုဒဏ်ကြောင့်တစ်နေ့လျှင်အပင် ၁ဝဝ လောက်ထိဆံပင်ကျွတ်ထွက် ကုန်ပါတယ်။ အကယ်၍ စိတ်ဖိစီး မှုများနေစဉ် androgens (ခေါ်) အမြင့်မားဆုံးလိင်စိတ်နိုးကြွဆေးဝါး ကိုသောက်မိတဲ့အခါမှာ ဆံပင် တွေ အထွေးလိုက်ကျွတ်ထွက်နိုင်ကြောင်း၊ အဲဒီလို ဆံပင်တွေကျွတ်ထွက်ခြင်း အတွက် ဖြည့်စွက်စာအဖြစ် ဗီတာ မင်ဓာတ်ပြည့်ဝတဲ့ အစားအစာတွေ စားပေးသင့်ကြောင်း ကယ်လီဖိုးနီးယားရှိ Santa Barbara ဆေးရုံမှ အရေပြား ပါရဂူတစ်ဦးဖြစ်သ Ro-bertaSengelmann ကဆိုပါတယ်။
မျက်ခွံတဆတ်ဆတ်လှုပ်ခြင်း မိနစ်အတော်များများကြာ အောင်မျက်ကြောဆွဲပြီးမျက်ခွံတွေလှုပ်နေခြင်းက စိတ်ဖိစီးတဲ့အခါ အများဆုံးဖြစ်လေ့ရှိကြောင်း၊ တချို့သူတွေမှာ မျက်ခမ်းပတ်ပတ်လည် လှုပ်တတ်ကြောင်း၊မျက်စိခြောက်သွေ့ရောဂါရှိသူတွေမှာလည်း မျက်ကြောဆွဲ တတ်တာကြောင့်မျက်ရည်တုမျက်စဉ်းခပ်ပေးခြင်းဖြင့်သက်သာသွားကြောင်း၊ The American Academy of Ophthalmology (ခေါ်) အမေရိကန်မျက်စိဆေးရုံမှ ပါရဂူဖြစ်သူ Anne Sumers က ဆိုပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ မျက်လုံးလေးမှိတ်ပြီး ခေတ္တအနား ယူရင်းလေး စက္ကန့်လောက်လေ ပြင်းပြင်းရှူသွင်းပါ။ ထိုရှူသွင်း လာတဲ့လေကို ခုနစ်စက္ကန့်လောက် ထိန်းထားပါ။ ပြီးတော့မှ ရှစ်စက္ကန့် လောက် အသက်ပြင်းပြင်းရှူထုတ်ပစ်လိုက်ပါ။ အဲဒီလိုလေရှူသွင်း-အောင့်ထား-လေရှူထုတ်ခြင်းကို လေးကြိမ်လောက်ပြုလုပ်ရင်းလှုပ် နေတဲ့မျက်ခွံပေါ်မှာ လက်ညှိုးလေး ကို ခပ်သာသာဖိတင်ထားပါ။ ဝက်ခြံဖုများထွက်လာခြင်း ဆံပင်တွေလိုပဲ၊ အရေပြားတွေကလည်း စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရည်မရှိကြပါဘူးတဲ့။အအိပ်အစားနှင့်ရာသီဥတုရုတ် တရက် ပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊သန္ဓေတားဆေးမှီဝဲစားသုံးရခြင်းကြောင့်လည်းကောင်းတစ်ခါတလေ၀က်ခြံ ပေါက် ခြင်းကဖြစ်လေ့ဖြစ်ထသဘာဝမို့ ပြဿနာမဟုတ်သော်လည်း ခဏခဏဆိုသလိုအဖုအပိမ့်နှင့်ဝက်ခြံတွေ ထွက် လာရင် တော့ အရေပြားမှာ နာတာရှည်ပြဿနာ ဖြစ်လာနိုင်ကြောင်းအရေပြားရောဂါ အထူးကု Sengelmann က ဆိုပါ တယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ အတတ်နိုင်ဆုံးလျှော့ချပြီး နေ့စဉ်သုံးနေကျမိတ်ကပ်-လိုးရှင်း -Moisturizers (ခေါ်) အသားအရေ စိုပြည်ဆေးများ၊ နေလောင်ခံလိမ်း ဆေးများနှင့် Noncomedogenic (ခေါ်) ချွေးပေါက်ဖွင့်လိမ်းဆေး တွေက မိမိနှင့် ဓာတ်တဲ့မှုရှိမရှိ(သို့မ ဟုတ်) ရက်စွဲလွန်မဖြစ်ဖို့ ပြန်လည်စမ်းစစ်ကြည့်ဖို့လိုပါတယ်။(တချို့ ဆိုရင် စိတ်ဖိစီးမှု ရဲ့ အကျိုး ဆက်ကြောင့်သွေးလွန်တုပ်ကွေးဆန်ဆန်မိတ်၊အင်ပြင်တို့လိုအရေပြားပေါ် အဖုအပိမ့် အနီကွက်ထလာတတ်ပါ တယ်)။ အကြောတက်ခြင်း စိတ်ဖိစီးလာတဲ့အခါမျိုးမှာ ဟော်မုန်းတွေ ထွက်ရှိမှုပမာဏ များပြားလာပြီး၊ နှလုံးနှင့်သွေးခုန်နှုန်းတွေ မြန်ဆန်လာတဲ့ အတွက် ကြောင့် ခန္ဓာကိုယ်ကြွက်သားတွေ မှာတုပ်နှောင်ထားသလို တင်းမာ လာပါတော့တယ်။ကိုယ်လက်လှုပ် ရှားမှုမရှိသူများနှင့် ထိုင်ခုံပေါ်မှာ အချိန်တော်တော်ကြာ ကုန်းကွေး ထိုင်၍အလုပ်လုပ်ရသူတွေမှာနောက် ကျောတက်၊ ခါးနာ၊ ကြွက်တက် ခြင်းတွေဖြစ်တတ်တာကြောင့်ထိုင်ခုံ ပေါ်မတ်မတ်ထိုင်၍ လက်နှစ်ဖက် ကိုခေါင်းပေါ်တင်ခြင်း၊ ခြေဆန့်ထိုင် ၍ခြေမတွေကို လက်ဖျားဖြင့် ထိ ကိုင်ခြင်း၊ လည်ပင်းကိုဘယ်ညာ အပေါ်အောက်လှည့်ပေးခြင်း၊လက် မောင်းတွေကို ရှေ့တည့်တည့်သို့ ဆန့်တန်းပြီးပခုံးနှစ်ဖက်ကိုဟန်ချက် ညီညီစက်ဝိုင်းသဏ္ဌာန်လှည့်ခြင်း စသဖြင့် တစ်နေ့ နှစ်ကြိမ်လောက်လုပ် ပေးရင်းစိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ အကြောတက်ခြင်းကို ပြေပျောက် စေနိုင်တယ်လို့  Arvard's Spau-lding Rehabilitation Hospital မှ ဒေါက်တာ Joanne BorgStein က အကြံပြုထားပါတယ်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment