Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေး၌ အုပ်စုဖွဲ့၍ အနိုင်ကျင့် ဗိုလ်ကျ မိုက်ကြေး ခွဲရာတွင် ပါဝင်ပြီး ထွက်ပြေး တိမ်းရှောင် နေသူအား ဓါးလက်နက်များနှင့်အတူ ဖမ်းဆီးရမိ


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့နယ်မြေ အတွင်းရှိ ခရိုင်များ အတွင်း မှုခင်း ကျဆင်းရေး၊ ဒုစရိုက်မှုများ ဖော်ထုတ် ဖမ်းဆီးရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိ သည့်အပြင် အုပ်စုဖွဲ့၍ အနိုင်ကျင့် ဗိုလ်ကျ မိုက်ကြေး ခွဲသည့်လူဆိုး လူမိုက်များ ကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိ ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေး၌ အုပ်စုဖွဲ့၍ အနိုင်ကျင့် ဗိုလ်ကျမိုက်ကြေးခွဲရာတွင်ပါဝင်သူ စနေ(ခ)မောင်ထွန်း၊ (၃၄)နှစ်၊ တွံတေးမြို့နယ်နေသူမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းသည် တွံတေးမြို့မရဲစခန်း(ပ)၄၃၉/၂၀၀၆၊ ပြစ်မှုပုဒ်မ-၃၇၉/ကျင့် ၅၁၂၊(ပ)၃၂၉/၂၀၀၈၊ ပြစ်မှုပုဒ်မ-၃၇၉/ကျင့် ၅၁၂ နှင့် (ပ)၄၈၉/၂၀၁၁၊ ပြစ်မှုပုဒ်မ-၃၂၅/၃၂၆/၄၂၇/ ၁၁၄/ကျင့် ၅၁၂ အမှုများမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ပါသည်။

ထွက်ပြေး တိမ်းရှောင်နေသူ စနေ(ခ)မောင်ထွန်းအား ဖမ်းဆီး ရမိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်း အကူဌာနမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည် လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာတွင် ရောက်ရှိ နေကြောင်း သတင်း အတည်ပြု ရရှိသဖြင့် ၂၅.၁၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ၎င်းအား နေအိမ် တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားဖမ်းဆီးရမိစဉ် အိပ်ခန်းအတွင်း ခေါင်းအုံးအောက်၌ ၀ှက်သိမ်းထားသော ဓါးဦးချွန်(၂)ချောင်း၊ အခန်းအ၀င်ဝမှ ဓါးကောက်အရှည်(၁)ချောင်း၊ရဲဒင်း(၁)လက်၊ လေးခွ(၁)လက်နှင့် သံကုံးသီး(၈)လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည့်အပြင် နေအိမ်ရှေ့မှ ဆူဇူကီးအမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် (၁)စီးကိုလည်း သိမ်းဆည်း ရမိခဲ့ပါသည်။

ထိုသို့ ဖမ်းဆီးရမိသဖြင့် စနေ(ခ)မောင်ထွန်းအား လှည်းကူးမြို့မရဲစခန်း (ပ)၅၃၁/၂၀၁၄၊ လက်နက်များအက်ဥပဒေပုဒ်မ-၁၉(က)ဖြင့်လည်းကောင်း၊ (ပ)၅၃၂/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် လည်းကောင်း အမှုများ အသီးသီး ရေးဖွင့်ကာ အရေးယူ ဆောင်ရွက်ခဲ့ သည့်အပြင် ယခင်တရားခံပြေး အမှုများဖြင့်လည်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment