Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 16, 2014

ပထမဦးဆုံး အမျိုးသမီး တကသ ဥက္ကဌ မအိဆွေမြတ်။


တကသ က ၁၉၃၀-၂၀၁၄ ဆိုတဲ့၈၄နှစ်အတွင်း တကသ ကင်းမဲ့ခဲ့တဲ့နှစ်တွေက နှစ်ပေါင်း၅၀ကျော်ရှိတယ်။ တကသကိုဖိနှိပ်ခဲ့တဲ့အထဲမှာစစ်အာဏာရှင်တွေသာမကတချိန်ကတကသဥက္ကဖြစ်ခဲ့ဘူးတဲ့ဝန်ကြီးချုပ်ဦးနုရဲ့ဖဆပလအစိုးရလည်းပါတယ်။ထင်ရှားတဲ့အဖြစ်အပျက်ဆိုရင် ၁၉၅၁ အောက်တိုဘာ အရေးတော်ပုံမှာ ကျောင်းသားခေါင်းဆောင်၃ဦးဖြစ်တဲ့ (ဦး)ကိုယု, (ဦး)ဘကောင်း နဲ့ (ဒေါ်)ရိုစီဘလွင်တို့ကိုရာသက်ပန် ကျောင်းထုတ်ခဲ့တယ်လို့ သိရတယ်။ ၁၉၈၈မှာ ဦးနုရဲ့ စင်ပြိုင်အစိုးရကိငလက်မခံတဲ့ ကျောင်းသားခေါင်း ဆောင်ဟောင်တဦးက ဦးနုဟာ အောက်တိုဘာအရေးတော်ပုံအတွင်းက ကျောင်းထဲကိုစစ်တပ်တွေစေလွှတ် ခဲ့သူဖြစ်လို့ လက်မခံနိုင်ဘူးလို့ ပြောတဲ့အကြောင်းကြားရတယ်။
ဒါပေမယ့်နိုင်ငံရေးမှာထာဝရမိတ်ဆွေ, ထာဝရရန်သူမရှိ, ထာဝရအကျိုးစီးပွားသာရှိတယ်ဆိုတဲ့အယူအဆကို
အိမ်စောင့်အစိုးရလက်ထက်တက လှုပ်ရှားမှုမှာတွေ့ နိုင်တယ်။ အိမ်စောင့်အစိုးရလက်ထက် မှာ တကသ ဥ က္ကဌ ကိုခင်မောင်အုန်းနဲ့ အမှုဆောင်ကိုဘိုးသာဘေးတို့ ကျွန်းကိုအပို့ ခံရပြီး, တကသ အကြပ်အတည်း ဖြစ်ခဲ့ချိန်မှာ , တကသအဆောက်အဦးရဲ့တယ်လီဖုန်းဖိုးတွေတောင်မပေးနိုင်တဲ့အချိန်က ၀န်ကြီးချုပ်ဟောင်း ဦးနုက အလှူငွေ ၃၀၀ ကျပ်, ရုပ်ရှင်မင်းသားကြီးဦးမြတ်လေးက အလှူငွေ ၁၀၀ ကျပ် လှူဒါန်းပေးခဲ့ရတယ်။ တကသ ဥက္ကဌ မရှိတော့တဲ့အတွက် တကသ ဥက္ကဌတယောက် ရွေးချယ်တင်မြှောက်ရာမှာ တကသရဲ့ထုံး စံအတိုင်း အသစ်ဖြစ်လာတဲ့ တကသ ဥက္ကဌ အသစ်ကို အရင်တကသ ဥက္ကဌ အဟောင်းတဦးကကျမ်းကျိန် ပေးဖို့ လို တော့ အဲဒီတုန်းက ဥက္ကဌ အသစ်ကိုတင်လှ(မှားနေပါကပြင်ပေးကြပါ)ကိုတကသဥက္ကဌဟောင်း ဦးနုက ကျမ်းကျိန်ပေးခဲ့တယ်။

Photo credit:Ko Kyaw Swar Myint's FaceBook

  • Moe Maung Maung ကိုခင်မောင်အုန်း က တကသ ဥက္ကဌ လား။အိမ်စောင့်အစိုးရလက်ထက်လား။၁၉၆၂ နှစ်အာဏာသိမ်းပြီးချိန်မှာ နိုင်ငံတကာကျောင်းသားညီလာခံ သွားတဲ့ တစ်ယောက်ကိုပြောတာမဟုတ်လား။စကားပြောသိပ်ကောင်းတယ်။ပင်နီ တိုက်ပုံကို လက်တံတောင်ဆစ်နားအထိဆွဲပြီး အားရပါးရမိန့် ခွန်းပြောတတ်တယ်ဆိုတာတော့မှတ်မိနေတယ်။တော်လှန်ရေးအစိုးရလက်ထက်မှာ လည်း သူ ပညာရေးနဲ့ ပတ်သက်တဲ့ ဌာနတစ်ခုမှာ အဆင့်မြင့်တာဝန်တစ်ခု ယူတယ်၊နောက်ကျောင်းသားထုနဲ့ ပြသနာတက်တယ်ဆိုတာမျိုး လေ့လာဘူးတယ်။အသက်ကြီးလာတာရယ်၊မှီငြမ်းကိုးကားပြစရာ စာအုပ်မရှိတာရယ်ကြောင့် ဒီလောက်ဘဲရေးလိုက်တယ်။ကိုခင်မောင်အုန်း(ကျောင်းသားခြင်း နောင်တော်ကြီးအနေနဲ့ ခေါ်တာ)၊ဦးခင်မောင်အုန်း (အသက်အရွယ်အရခေါ်တာ) ခင်မောင်အုန်း (သမိုင်းအရခေါ်တာ) နဲ့ ပတ်သက်တဲ့စာအုပ်တွေသေချာရှာဖတ်ပြီး သူ ဘယ်အဖွဲ့ မှာဘာတာဝန်တွေကို ယူခဲ့တယ်။ဘာတွေဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သေချာရေးသင့်တယ်ထင်တယ်။မဟုတ်ရင် တမင် တစ်ခုခုကို ပါးပါးလေး ရှောင်လိုက်တာဖြစ်နေမှာစိုးမိတယ်။
    7 hrs · Like · 4
  • Moe Maung Maung ခွဲရေးတာ အကြောင်းအရာ ၂ခုခြားနားနေလို့ ပါ။ခုလက်ရှိတကသ အမှုဆောင်စာရင်းနဲ့  လက်ရှိတက်နေတဲ့ ကိုယ်စားပြုတက္ကသိုလ်တွေကို အပြည့်အစုံတင်ပေးရင် ဒါဟာသမိုင်းဖြစ်လာလိမ့်မယ်။နောက် ဗကသ ဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကို ကိုယ်စားမပြုဘူး။သူတို့ အစည်းအဝေးတွေကို ဘုန်းကြီးကျောင်းတွေမှာလုပ်လေ့ရှိတယ်ဆိုတာမျိုးလည်းဖတ်ဘူးတယ်။တက္ကသိုလ် ဝန်းအတွင်းမှာ ဗကသ နဲ့  တပ်ဦးတွေ အဆောင်တွေမှာအပြိုင်အဆိုင် စည်းရုံးလေ့ရှိတယ်ဆိုတာလည်းဖတ်ဘူးတယ်။တကသ သမိုင်းကြောင်းကို ဘာနဲ့ မှမရောထွေးဘဲသတ်သတ်ရေးသင့်တယ်လို့  ခု တကသ လုပ်နေတဲ့ ညီတွေ ညီမငယ်တွေ (ကျောင်းသားစိတ်နဲ့ ခေါ်တာ)၊ တူတွေတူမငယ်တွေ။သားတွေသမီးတွေ(အသက်အရွယ်အရခေါ်တာ) ကြိုးစားသင့်တယ်ထင်တယ်။လူကြီးတွေဆီက သြဝါဒခံယူတာမျိုးမဟုတ်ဘဲ လေ့လာမေးမြန်းတာ၊ချိန်ထိုးဆုံးဖြတ်တာ၊အမှီအခိုကင်းကင်းနဲ့ အလုပ်လုပ်တာမျိုး ဖြစ်သင့်ဘီထင်တယ်။ လူကြီးဖြစ်ပြီထင်လို့ အဖွဲ့ တောင် ထောင်ထားပြီဘဲ။နို့ သက်ခံ၊မှိုင်းတိုက်မခံဘဲ ခု မျိုးဆက်တွေရုန်းမှနောက်မျိုးဆက် ၃ခုလောက်မှာ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်တန်ဘိုးကိုပြန်ရလာလိမ့်မယ်လို့ အကြံပေးချင်တယ်။ခုရေးနေတဲ့သူ ကို မကသတစ်ယောက်အနေနဲ့ မြင်မယ်ဆိုရင်တော့ ငါပေးချင်တဲ့အကြံတွေရဲ့ အမှန်တရား ပျောက်သွားမှာသေချာတယ်။
    7 hrs · Edited · Like · 5
  • Winaung Gyi အချက်အလက်တွေအများကြီးမှားနေပါတယ်။ အောင်ထွန်းရဲ့ ကျောင်သားလှုပ်ရှားမှုသမိုင်းနဲ့တိုက်ကြည့်ပါ။ တကသ ဘယ်တုန်းကမှမမွဲခဲ့လို့ ဘယ်သူ့ငွေမမှမယူခဲ့ပါ။ ၁၉၅၃ အရေးအခင်း အောက်တိုဘာကျောင်းတလ ပိတ်ရေး အတွင်း ရဲသာဝင်တာ၊စစ်တပ်က ၁၉၅၈ အိမ်စောင့်အစိုးရ လက်ထက်ကျမှပါ။ ၁၉၅၃ ကျနော် တက္ကသိုလ်ရောက်ပြီး ၁၉၆၂ ဇူလိုင်လအထိ တကသ ကိုရောက်လေ့ရှိပါတယ်။ အချက်အလက်တွေအများကြီးမှားတွေ ကြောင့် မမီလိုက်သူတိုပအတွက် အန္တရာယ်အင်မတန်ကြီးတယ် ကိုမောင်မောင်ကျော်။
    7 hrs · Like · 9
  • Maung Maung Kyaw ကျေးဇူးတင်ပါတယ်အန်ကယ်ရေ။အပေါ်ကအချက်အလက်တွေကိုဒီအတိုင်းဆက်ထားလိုက်ပါမယ်။ဒါမှကျနော်သိထားတဲ့အချက်အလက်မျိုးသိထားသူတွေပြင်နိုင်အောင်ပါ။
    6 hrs · Like · 3
  • Winaung Gyi အချက်အလက်မှန်ကန်ဖို့က အလွန်အရေးကြီးတယ်၊ ပြီးတော့ ကြိုက်သလိုထင် ကြိုက်သလိုမြင် ကြိုက်သလိုတွေး ကြိုက်သလိုရေး။ အဒီမူနဲ့ ကျနော်ရေးနေတယ်။ တကသ ဟာ ဗမာ့နိုင်ငံရေးသမိုင်း အရေးပါသလို၊ စည်းမျဉ်းအခိုင်အခန့်မို့ အရေးအခင်းကာလမှာ ကောက်ဖွဲ့လို့ရတာမျိုးမဟုတ်ဘူး။ကျနော့တသက် ပထမဆုံးမဲပေးဖူးတာ ၁၉၅၃ ခု၊ တကသ ရွေးကောက်ပွဲမှာပါ။
    6 hrs · Like · 5
  • Ye Thu Aung ဘယ်လိုဘဲဖြစ်ဖြစ်ကျောင်းသားဆို 
    100% ထောက်ခံပြီးသား
    5 hrs · Like · 2
  • Ma Thida Aye အန်ကယ်တို့ အကိုတို့ ကိုကျေးဇူးပါသမီးတို့ သိသင့်တာကိုမသိသေးပဲအခုလိုသိခွင့်ပေးလိုက်တာကိုကျေးဇူးပါရှင့်ဒီစာသားအားလုံးကိုသမီးကူးယူထားလိုက်ပါပြီကျေးဇူးတငိပါသည် သမီးမသီတာပါ
    5 hrs · Like · 2
  • Winaung Gyi တကသ စည်းမျဉ်းအရ အမှုဆောင် တနှစ်လုပ်ဖူးမှ ဥက္ကဌ အဖြစ်အရွေးခံခွင့်ရှိတယ်။ ဗကသ ဥက္ကဌ ကိုလှမောင် (နောင် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျ) အမှုဆောင် တနှစ်မလုပ်ဖူးလို့ တကသ ဥက္ကဌ မဖြစ်တဲ့ အကြောင်း ဒဂုန်တာရာ၇ဲ့ ပန်းနုရောင်စာအုပ်ထဲမှာပါတယ်။ တကသ ဥက္ကဌ ဆိုတဲ့အမျိုးသမီးကို မေးပါရစေ၊ တကသ စည်းမျဉ်းအရ အမှုဆောင် တနှစ်လုပ်ဖူးသလားလို့။ ဗီယက်နမ်သမ ဟိုချီမင်း ရန်ကုန်တက္ကသိုလ်မှာ ဧည့်သည်တော် မိန့်ခွန်းပေးအပြီး ပါမောက္ခချုပ် ဒေါက်တာထင်အောင်က သမတကြီးခင်ဗျာ တကသ သဥက္ကဌ ဦးစိုသိန်းပါဟု မိတ်ဆက်ပေးတဲ့အခါ ဘွဲပနှင်းသဘင်ခန်းမပြည့် ကျောင်းသားများမတ်တတ်ရပ် သြဘာပေးကြတဲ့ထဲ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့တာပါ။
    5 hrs · Edited · Like · 7
  • Nan Lin အခုလို သမဂ္ဂတွေကို နှိပ်ကွပ်ထားတဲ့ အချိန်မှာ စည်းမျဉ်းအခိုင်အခန့်နဲ့ လုပ်ဖို့ဆိုတာ ဘယ်လွယ်မလဲ အန်ကယ်။ အန်ကယ်တို့ ခေတ် အန်ကယ်တို့ အခါက သမဂ္ဂဆိုတာ အစိုးရက တရားဝင် အသိအမှတ်ပြု ဥပဒေမှာကို ည့်ဆွဲပေးထားတာ။ တကသ စည်းမျဉ်းကိုလဲ ၁၉၃၁ ဇန်နဝါရီ ၉ မှာ အတည်ပြုခဲ့တယ်။ အခုအနေအထားမှာ က အဲ့လိုအခြေအနေမျိုးလုပ်ဖို့ မလွယ်ဘူးဆိုတာ အန်ကယ်သိစေချင်တယ်။ အခုလို အခက်အခဲကြားက လုပ်နေတဲ့သူတွေကိုတော့ အသိအမှတ်ပြုစေချင်တယ်။
    4 hrs · Like · 5
  • Winaung Gyi အခုလုပ်နေသူတွေရဲ့ စိတ်အားထက်သန်မှု ကြိုးစားမှု တဘက်ကအားပေးရင်း သမိုင်းဝင် တကသ နဲ့ရောထွေးကုန်မှာစိုးလို့ပါ၊ ပြီးတော့ ပေါ့ပေါ့တန်တန် မဖြစ်ဖို့လည်း သတိပေးရတာပါ။ အစိုးရိမ်ဆုံးက စစ်အစိုးရက ရောပြီး သမိုင်းဝင် တကသ ကိုသေးသိမ်မှေးမှိန်အောင် အလုပ်ခံရမှာပါ။
    3 hrs · Like
  • Zaw Win So, recorded as History; U Nu never sent Military soldier to University compound!! That is it!!
    3 hrs · Like · 1
  • Moe Sal ကောင်းတယ်..တခါလာလဲ ယောက်ကျားလေးတွေပဲ ဥက္ကဌ လုပ်လုပ်နေတာ..မိန်းကလေးထဲက တင်သင့်တယ်.အခြေအနေအရ အမှု့ ဆောင် တနှစ်ဖြစ်ချင်မှတော့ဖြစ်ပါမယ်.ခုဖြစ်တာ ဗကသဟောင်းတယောက်အနေနဲ့ ၀မ်းသာတယ်.
    3 hrs · Edited · Like · 1
  • Thaung Yin Nagar တကသဥက္ကဌ ဦးနု..ပြီးတော့တကသဥက္ကဌကကိုရာရှစ်(နောင်-လွတ်လပ်ပြီးခေတ်ပါလီမန်အစိုးရသာသနာရေးဝန်ကြီး)မဟုတ်ဘူးလားဗျ။

No comments:

Post a Comment