Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

ဇနီးဆုံးပြီးနောက် သေချင်သည်ဟုဆိုကာ အရက်ပျံသောက်သေသူ

ဒီဇင်ဘာ(၂၂)ရက်နေ့က သန်လျင်မြို့နယ်တွင် အမျိုးသားတစ်ဦး အရက်ပျံသောက်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဦးသန်းလှိုင် (၃၇)နှစ်ဖြစ်ပြီး သန်လျင်မြို့နယ်၊ နတ်စင်ကုန်းကွက်သစ်တွင် နေအိမ်၌ ၎င်း၏အနီးတွင် အရက်ပျံပုလင်း(၁)လုံးအား
တွေ့ရှိရကာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေ
ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူ၏ဇနီးဖြစ်သူမှာ ၈.၉.၂၀၁၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ဇနီးဖြစ်သူ ကွယ်လွန်ပြီးနောက်တွင် ၎င်းမှာ သေချင်တယ်ဟု မကြာခဏပြောဆိုနေလေ့ရှိသည်ဟု သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သန်လျင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆၂/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment