ယာဉ်(၂)စီးဘေးချင်းပွတ်တိုက်မိကာ တစ်ဘက်ယာဉ်ကြောမှ ယာဉ်အား ၀င်ရောက် တိုက်မိသဖြင့် (၂)ဦးသေ၊ (၆)ဦးဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
၂၄.၁၂.၂၀၁၄ ရက်နေ့ ၁၄၄၅ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်း အတိုင်း ထောက်ကြန့် ဘက်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာကြသော ယာဉ်မောင်း ကိုကျော်မင်းဌေး၊ (၂၅)နှစ်မောင်းနှင် သည့် 1F---- လိုက်ထရပ် ရေသန့် ပို့ဆောင်သော ယာဉ်နှင့် ယာဉ်မောင်း ကိုအောင်မြင့်၊ (၅၁)နှစ် မောင်းနှင်သော 1E---- HIGER Bus ရန်ကုန် -မန္တလေး -နေပြည်တော် ခရီးသည်တင်ယာဉ်တို့သည် မင်္ဂလာဒုံမြို့နယ်၊ ပညာရေးမှူးရုံးအနီးအရောက် ယာဉ်(၂)စီး ဘေးချင်း ပွတ်တိုက်မိကာ ယာဉ်(၂)စီးစလုံး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိ သွားပြီး မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုဝင်းနိုင်တိုး မောင်းနှင်လာသော 4G---- မြေသယ်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ကြပါသည်။
ယာဉ်တိုက်မှုကြောင့် 1F---- ယာဉ်မောင်း ကိုကျော်မင်းဌေးနှင့် ယာဉ်၏ ခေါင်းခန်းတွင်လိုက်ပါလာ သော မမာလာအောင်တို့(၂)ဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွား ခဲ့သည့်အပြင် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကိုစိန်မောင်မောင်၊ ကိုလှမျိုးအောင်၊ မောင်အောင်ဆွေဦးနှင့် မောင်စိုးပိုင်ထက်တို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြပြီး 4G---- မြေသယ်ယာဉ်မောင်း ကိုဝင်းနိုင်တိုးနှင့် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသော ကိုဇော်မင်းတို့(၂)ဦးတွင်လည်း ဖူးရောင်ပေါက်ပြဲ နာကျင်ဒဏ်ရာများရရှိခဲ့ ကြသဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ/မစိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသ ခဲ့ရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့ကြသဖြင့် 1F---- ယာဉ်မောင်း ကိုကျော်မင်းဌေး(သေဆုံး)နှင့် 1E---- ယာဉ်မောင်း ကိုအောင်မြင့်တို့(၂)ဦးအား မင်္ဂလာဒုံမြို့မ ရဲစခန်း ယာဉ်(ပ)၁၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
No comments:
Post a Comment