Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

အကယ်ဒမီပွဲတက်ဖို့ စပွန်ဆာတွေများနေတဲ့ သိင်္ဂီထွန်း

အကယ်ဒမီရရှိမည်ဟု ပရိသတ်    ထင်ကြေးပေးထား သောကြောင့် ပွဲတက်ရန် စပွန်ဆာပေးသူများပြားသလို အကယ်ဒမီဧည့်ခံပွဲပြုလုပ်ရန် စပွန်ဆာပေးထားသည့် ဆိုင်များလည်းရှိ ကြောင်း သိင်္ဂီထွန်းကပြောသည်။
‘‘အကယ်ဒမီရမယ်၊ မရဘူးကတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဧည့်ခံပွဲလုပ်ဖို့ ဆိုင်တွေတော်တော်များများက စပွန်ဆာတွေ ပေးထားတာ အရမ်းလည်း အားနာနေရတယ်’’ ဟု သိင်္ဂီထွန်းကပြော သည်။
သိင်္ဂီထွန်းသည် ယခုနှစ် အကယ်ဒမီပေးပွဲတွင် ခိုင်သင်း ကြည်နှင့် အပြိုင် ဇာတ်ပို့ဆုရရှိရန် ရေပန်းစားနေသူဖြစ်ပြီး ၎င်း၏အနုပညာသက်တမ်း၌   ပထမဆုံး အကြိမ်အကယ်ဒမီ တစ်ကြိုပေး ခံထားရသည်ဟု  ၎င်းကဆိုသည်။
အကယ်ဒမီပေးပွဲသို့တက် ရောက်ရန် မန္တလေးမြို့ရွှေသုန္ဒရီ ပိုးထည်တိုက်မှ စပွန်ဆာပေးထားပြီး ဒီဇိုင်နာ အဉ္ဇလီဇော်ထက်ကချုပ်ပေးမည်ဖြစ်သည်။ထို့အပြင် အသုံးအဆောင်   ပစ္စည်းများကို လည်း ငွေထီးသုံးလက် ၊ ဝင်နီဖက်ရှင်ဆိုင်တို့ကလည်း စပွန်ဆာပေး ထားသည်ဟု ၎င်းကဆိုသည်။
‘‘အစ်မအကယ်ဒမီကိုလုပြီး မယူချင်သလို ပြိုင်ပြီးလည်း မယူ ချင်ပါဘူး။ သူ့အရည်အချင်းနဲ့ မှန်မှန်ကန်ကန် ပေးတာကိုပဲ လိုချင် ပါတယ်။ ဘယ်သူရရပါ’’ ဟု သိင်္ဂီ ထွန်းက ပြောသည်။
ယခုနှစ်အကယ်ဒမီသည် အနုပညာရှင်များက   ရွေးချယ် ပေးခြင်းဖြစ်သောကြောင့် အကယ်ဒမီရွေးချယ်ရေး အဖွဲ့ဝင်များ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးမည်ဟု ယုံကြည်ကြောင်း အကယ်ဒမီနှင့်ပတ်သက်၍ ၎င်း၏အမြင် ကိုပြောသည်။
7DAY DAILY

No comments:

Post a Comment