Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

ဖုန်းတိုင်လဲကျ မှုကြောင့် ဆရာတော် တစ်ပါး ပျံလွန်တော်မူ


မှန်လုံယာဉ်နှင့် တယ်လီဖုန်းကြိုးများ ငြိပြီး ဆရာတော် တစ်ပါးပေါ်သို့ ဖုန်းတိုင် လဲကျခဲ့ရာ ဆရာတော် ပျံလွန်တော်မူ သွားကြောင်း မုံရွာ မြို့မ ရဲစခန်းမှ သိရသည်။ ယခုလ(၂၆) ရက်နေ့၊ နံနက် (၆) နာရီ အချိန်က အားကစား ပြိုင်ပွဲဝင်မည့် ကျောင်းသား ကျောင်းသူများ တင်ဆောင် လာသော အဆိုပါ မှန်လုံယာဉ်မှာ မုံရွာမြို့၊ အေးသာယာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အလက (၂) ကျောင်းခွဲ အနီးရှိ ဖုန်းကြိုးနှင့် ငြိခဲ့ခြင်း ဖြစ်သည်။

ကသာမြို့မှ အားကစား ပြိုင်ပွဲဝင်ရန် လာရောက်သော ကျောင်းသား၊ ကျောင်းသူများ တည်းခို နေထိုင်ရန် ဗိုလ်ချုပ်လမ်း ပေါ်ရှိ အလက(၂) ကျောင်းခွဲသို့ လာရောက်စဉ် ဘုန်းကြီးကျောင်း အနီး ချိတ်ဆွဲ ထားသည့် တယ်လီဖုန်းကြိုး များအား ချိတ်မိပြီး တယ်လီဖုန်း ကွန်ကရစ်တိုင် လဲကျသွား ခဲ့ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။

ယင်းဖုန်း ကွန်ကရစ်တိုင်မှာ စင်္ကြံ လျှောက်နေသည့် ဆရာတော် ဦးဝေပုလ္လ သက်တော် (၈၁) နှစ်၊ ၀ါတော်( ၆၂) အပေါ်သို့ တည့်တည့် ပြုတ်ကျ သဖြင့် ပွဲချင်းပြီး ပျံလွန်တော်မူ သွားခဲ့ ရကြောင်း မှုခင်း မှတ်တမ်းများ အရ သိရသည်။ အဆိုပါ ဆရာတော် ဦးဝေပုလ္လမှာ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ သုတရာမ ကျောင်းတိုက်တွင် ခေတ္တ သီတင်း သုံးရန် ရောက်ရှိ လာသော ဆရာတော် တစ်ပါး ဖြစ်သည်။

ယင်းကြောင့် ယာဉ်မောင်း ဖြစ်သူ ဦးညွန့်ဌေး၊ (၄၅) နှစ်၊ ရေဦးမြို့ နေထိုင်သူအား ယာဉ် (ပ)၁၈၄/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၄-က နှင့် (ပ) ၄၉၈/၂၀၁၄ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ထားကြောင်း မုံရွာမြို့မ ရဲစခန်းမှ သိရသည်။

Messenger News Journal
https://www.facebook.com/pages/Messenger-News-Journal/127099574018030?fref=nf

No comments:

Post a Comment