Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

ရွှေဖြူနဲ့ လုပ်တဲ့ မာစီဒီး

၂၀၁၂ ခုနှစ်လောက်ကတည်းက ယူအေအီးနိုင်ငံ၊ အဘူဒါဘီမှာ ခေတ်စားနေတဲ့ မာစီဒီး ဖြစ်ပါတယ်။ မာစီးဒီး တံခါး နှစ်ပေါက် ပြိုင်ကား တစ်စီးလုံး ကို ရွှေဖြူနဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ကားရဲ့ မော်ဒယ်က ပြောရခက်ပါတယ်။ အကြောင်းက ရွှေဖြူနဲ့ လုပ်ဖို့အတွက် ဘော်ဒီဖရိန်က အစ သီးသန့် ပြုလုပ် ထားတာကြောင့် ဖြစ်ပါတယ်။

အင်ဂျင် ပစ်စတင် ၁၀ လုံး ပါတဲ့ V ပုံစံကို အသုံးပြုထားပြီး မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက 1600 hp ရှိပါတယ်။ ဒီတော့ ကမ္ဘာ့ အမြန်ဆုံး ပြိုင်ကား စာရင်းထဲမှာလည်း ပါဝင်ပါသေးတယ်။ သူက ထူးခြားချက် အနေနဲ့ bio fuel နဲ့လည်း မောင်းနှင်နိုင်ခြင်း ဖြစ်ပါတယ်။ ၂ စက္ကန့်အောက်မှာပဲ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းအထိ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။

သူကို 18K အရည်အသွေးရှိတဲ့ ရွှေဖြူအစစ်နဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားခြင်း ပါ။ ယူအေအီးက သူဌေးသူကြွယ်တစ်ဦး ပိုင်ဆိုင်တဲ့ကား ဖြစ်ပြီး အင်တာနက်မှာလည်း ရေပန်းစားခဲ့ ပါတယ်။
.
Ref: dyknow

No comments:

Post a Comment