Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

ဗုဒ္ဓ မြတ်စွယ်တော် ကန္နီမြို့  သီရိလင်္ကာနိုင်ငံ

 
ယခု သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့(Kandy) တွင် ကိန်းဝပ်စံပယ်လျက်ရှိနေသော စွယ်တော် မြတ်သည် အိန္ဒိယပြည် ကလိင်္ဂ (Kalinga) မင်းတို့၏ နိုင်ငံမှ မြတ်ဗုဒ္ဓ၏ …လက်ဝဲအောက်စွယ်တော် မြတ်ဖြစ်၍ သီရိလင်္ကာကျွန်း သို့ ပို့ဆောင် လွှဲပေးခဲ့ခြင်းဖြစ်၏။

သီဟိုဠ်ဘုရင် အဆက်ဆက်တို့နှင့် တိုင်းသူပြည်သားတို့၏ အပူဇော်ခံယူခဲ့ရာ ခရစ်နှစ် ၁၅၉၂ ခုနှစ်၊ ပထမ ၀ိမလဓမ္မသူရိယမင်းသည် ယခု ကန္ဒီမြို့ရှိ စွယ်တော်တိုက်ကို တည်ဆောက် ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုတိုင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ စွယ်တော် ကျောင်း၌ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။

****စွယ်တော်မြတ် သမိုင်းအကျဉ်း

အရှင်သာရိပုတ္တရာမထေရ်၏တပည့် အရှင်ခေမ အမည်ရှိ ရဟန္တာမထေရ်မြတ်သည် မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မီးသဂြိင်္ုဟ်စဉ် မီးဟုန်းဟုန်း တောက်လောင်နေသော စန္ဒကူးထင်းပုံထဲမှ ထိုစွယ်တော် မြတ်ကို ပင့်ဆောင်၍ ကာလိင်္ဂတိုင်း(အိန္ဒိယ) ဒန္တပူရ်မြို့အရှင် ဗြဟ္မဒတ်မင်းအား ပူဇော်စေခဲ့သည်။

စွယ်တော် မြတ်ကို ဗြဟ္မဒတ်မင်းမှစ၍ သားစဉ်မြေးဆက် ကိုးကွယ်လာခဲ့ကြသည်။ ဂုဟသိဝမင်းလက်ထက် ရောက်သောအခါ စွယ်တော်မြတ်သည် ဟိန္ဒူမင်းများ၏ ဖျက်ဆီးမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ စွယ်တော်မြတ်ကို အသက်နဲ့ထပ်တူ ကြည်ညိုမြတ်နိုးသော ဂုဟသိဝမင်းသည် ခီရဓာရမင်း၏ တူတော်များနှင့် နောက်ဆုံးအကြိမ်တိုက်ခိုက်ရသည့် စစ်ပွဲသို့မထွက်မီကပင် သမီးတော် `ဟေမမာလာ`မင်းသမီးနှင့် သူမ၏ခင်ပွန်း `ဒန္တ`မင်းသားတို့အား အကယ်၍ စစ်ရှုံးသွားခဲ့လျင် စွယ်တော်မြတ်ကို တိတ်တဆိတ် ပင့်ဆောင်၍ သီဟိုဠ်ကျွန်းတွင် အုပ်ချုပ်နေသော သူ၏ သူငယ်ချင်း မဟာသေနမင်းထံ အရောက်သွားကြရန် မှာကြားထားခဲ့သည်။

ဂုဟသိဝမင်း ကျဆုံးသည်နှင့်တစ်ပြိုင်နက် ဇနီးမောင်နှံနှစ်ယောက်တို့လည်း စွယ်တော်မြတ်ကို ပင့်ဆောင်ကာ သာမန်အရပ်သားများအသွင်ဖြင့် တမလိတ္တိအမည်ရှိ ကာလိင်္ဂဆိပ်ကမ်းမှ တိတ်တဆိတ် ထွက်ခွါလာခဲ့ရာ လင်္ကာပတ္တနား ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ဇနီးမောင်နှံ နှစ်ယောက်တို့သည် ထိုအချိန်က မြို့တော်တည်ရှိရာ အနုရာဓပူရသို့ ခြေကျင်ခရီးဖြင့် ပင်ပင်ပန်းပန်း သွားခဲ့ကြရသည်။

သူတို့ ရောက်ရှိသောအချိန်၌် မဟာသေနမင်းကား နတ်ရွာစံလွန်တော်မူခဲ့ပြီးဖြစ်သဖြင့် သားတော် ကိတ္တိသိရိမေဃ ဝဏ္ဏမင်း (အေဒီ - ၃၀၃-၃၃၁) နန်းတက်လျက်ရှိသည်။

ကာလိင်္ဂတိုင်းမှ ဇနီးမောင်နှံနှစ်ယောက်တို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ဓာတ်ကို ကိတ္တိသိရိ မေဃဝဏ္ဏမင်းအား ဆက်သပူဇော်စေခဲ့သည်။ ကိတ္တိသိရိမေဃဝဏ္ဏမင်းကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံရယူပြီး `ဓမ္မစက္ကဂေဟ` အမည်ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးတွင် ကိုးကွယ်ပူဇော် ထားလေသည်။

သီဟိုဠ်ကျွန်းတွင် အဆိုပါ ကိတ္တိသိရိမေဃဝဏ္ဏမင်းမှစ၍ ဓမ္မပါလမင်းတိုင်အောင် အနုရာဓပူရ၊ ပေါရောဏရုဝ၊ ဂမ်ပေါလ စသည့်ခေတ်အဆက်ဆက် စိုးစံခဲ့ကြသောမင်းအဆက်ဆက်တို့သည် ဗုဒ္ဓမြတ် စွယ်တော်ကို မိမိတို့ပြောင်းရွှေ့စံမြန်းရာ နေပြည်တော် အသီးသီးသို့ ပင့်ဆောင်၍ ကိုးကွယ်ခဲ့ကြသည်။

အေဒီ - ၁၅၉၁ သို့ ရောက်သောအခါ ပထမဝိမလဓမ္မသူရိယမင်းသည် ကန္ဒီနိုင်ငံတော်သစ်ကို တည်ထောင်ခဲ့သည်။

ထိုအချိန်တွင်လည်း စွယ်တော်မြတ်ကို ပေါတူဂီတို့၏ ဖျက်ဆီးမည့် အန္တရာယ်ကြောင့် ရတနပူရမြို့အနီး ရာဇမဟာဝိဟာရအမည်ရှိ ကျောင်းတစ်ကျောင်းသို့ တိတ်တဆိတ် ပင့်ဆောင်၍ ဝှက်ထားခဲ့ရသည်။

ကန္ဒီနိုင်ငံတော်သစ်ကို မျှတမှန်ကန်စွာ အုပ်ချုပ်နိုင်ရန် သူ၏နန်းတော်တွင် မြတ်ဗုဒ္ဓစွယ်တော်ကိန်းဝပ်တည်ရှိဖို့ လိုအပ်သည်ဟု ယုံကြည်သော ဝိမလဓမ္မသူရိယမင်းသည် မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာကို စုံစမ်းသိရှိခဲ့ပြီး သူ၏ကန္ဒီနန်းသစ်သို့ ပင့်ဆောင်ခဲ့လေသည်။

မြတ်ဗုဒ္ဓစွယ်တော်ကို ပင့်ဆောင်ပြီးနောက် ဝိမလဓမ္မသူရိယ မင်းသည် နန်းတော်နှင့်တွဲလျက် နှစ်ထပ်အဆောက်အအုံ စွယ်တော်တိုက်တစ်ခုကို တည်ဆောက်၍ စွယ်တော်မြတ်ကို ကိုးကွယ်ပူဇော်ခဲ့သည်။

ထိုစွယ်တော်တိုက်သည် ယနေ့ ကန္ဒီမြို့တွင် တည်ရှိသည့် မြတ်ဗုဒ္ဓစွယ်တော်တိုက်၏ အတွင်းအကျဆုံး အဆောက်အအုံပင်ဖြစ်သည်။

Ref.မန်းဂေဇက် &ကိုရင်လေး
#ငြိမ်းလဲ့

No comments:

Post a Comment