Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 13, 2014

ကိုကျော်သူရဲ့တရားဝင်ကြေငြာခြင်း



ကိုကျော်သူက သူ့ရဲ့ဖေ့စ် ဘွတ်စာမျက်နှာမှာ (၁၂.၁၂.၁၄)မနေ့က တရားဝင်ကြေငြာခြင်းဆိုပြီး သူ့ရဲ့ပရဟိတအလုပ် အစီအစဉ်သစ်တခုနဲ့ပါတ်သက်ပြီးအောက်ပါအတိုင်းကြေငြာထားပါတယ်။

တရားဝင်ကြေငြာခြင်း-
နာရေးကူညီမှုလုပ်ငန်းစတင်ခဲ့တုန်းက နှာခေါင်းရှုံ့ခဲ့တဲ့သူတွေ
ကျန်းမာရေးဝန်ဆောင်မှုလုပ်တုန်းက အပြစ်ဆိုခဲ့တဲ့သူတွေ
ပညာရေးပံ့ပိုးမှုလုပ်တုန်းက ဝေဖန်ခဲ့တဲ့သူတွေ
အမှိုက်ကောက်တုန်းက ကိုယ်နဲ့မဆိုင်ဘူးလို့ အတ္တကြီးခဲ့တဲ့သူတွေ
သူတို့ ကပြောသေး. .ကျော်သူကနံမယ်ကြီးချင်လို့ လုပ်တာပါတဲ့။
အဲဒီ သူတွေ. . သူတွေ
အခု ပြည်သူကချီးကျူးအားပေးကြတော့ သူတို့ ကဘဲစတင်ပြီး ဒီအလုပ်တွေကိုစတင်အကောင်အထည်ဖေါ်ခဲ့သလိုလိုနဲ့ပေါ့ဗျာ။
တော်တော်မျက်နှာပြောင်တတ်ကြပါရဲ့။
ထားလိုက်ပါတော့. . ပြည်သူကိုကူညီတဲ့သူတွေ အဖွဲ့တွေများလာ
တာကိုကြိုဆိုရမှာပေါ့။
ကဲ. . ဒီတစ်ခါ ကျော်သူ ကမစင်ကြုံးပေးဖို့ စတင်နေပြီ။
စည်းကမ်းမဲ့ စွန့် ပစ်မှု အချိန်မှန်မသိမ်းဆီးမှုတွေ
ကြောင့် ပါတ်ဝန်းကျင်မသန့်ရှင်းမှု ရောဂါဘယထူပေါမှု
ဆိုးကျိုးတွေဖြစ်ပေါ်မှုကိုကာကွယ်တားဆီးဖို့ အတွက်ပြည်မြို့
မိုးမေတ္တာနာရေးကူညီမှုအသင်းနဲ့ပူးပေါင်းပြီးမစင်စုတ်တဲ့မော်တော်ယာဉ်နဲ့ စတင်အကောင်အထည်ဖေါ် သယ်ဆောင်ကြဖို့  ကြိုးစားနေကြပြီ။
အဲဒီတော့ ခင်ဗျားတို့ ဘာပြောဦးမလဲ?
ဘာဝေဖန်ဦးမှာလဲ?
ဘာအတင်းချဦးမှာလဲ?
ဒါမှမဟုတ် ကျွန်ုပ်နဲ့အတူ မစင်လိုက်ကြုံးကြမှာလား?
သေချာတာတစ်ခုကတော့ ကျော်သူ နံမည်ကြီးချင်လို့ မစင်ကြုံးခြင်း မဟုတ်ဘူးဆိုတာပါ။
မည်သူမျှမလုပ်လိုသော အများအတွက်အကျိုးရှိစေမည့်အလုပ်ကို
စေတနာရှေ့ထားပြီြးှဗဟ္မစိုရ်တရားလက်ကိုင်ပြုကာအနစ်နာခံလုပ်ကိုင်သောသူသာလျှင် ပေးဆပ်သူပရဟိတသမားစစ်စစ်ဖြစ်သည်ဟူ
သောစကားကိုလက်ကိုင်ပြုလျက်.. ( ကျော်သူ )

No comments:

Post a Comment